နှောကန်ရဲစခန်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ PDF အတွက် ဂုဏ်ပြုကျောက်တိုင် ပြုလုပ်ပေး

0 3
0 3

နှောကန်၊ ဧပြီ ၂၂၊ ၂၀၂၃။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ နှောကန်ရွာမှာ အခြေပြုတပ်စွဲထားတဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားတဲ့တိုက်ပွဲမှာ မြင်းခြံခရိုင်၊ တပ်ရင်း-၃၊ တပ်ခွဲ-၃ မှ တပ်သား ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ တိမ်ယံ(ခ)အငယ်ကောင် ဟာ သေဆုံးချိန်မှာ အသက် (၂၁) နှစ် ရှိပြီး၊ မြင်းခြံနယ်သားဖြစ်ကာ PRA သင်တန်းဆင်း ရဲဘော်တဦး ဖြစ်တယ်လို့ သိရပါတယ်။

“စခန်းသိမ်းတိုက်ပွဲမှာ ခေါင်းကို ကျည်ထိလို့ ကျခဲ့တာပါ။ Body က မရခဲ့ပါဘူး။ Battle ထပ်ဖြစ်လို့ ထားခဲ့လိုက်ရတယ်။ ကျဆုံးတဲ့နေ့က သက်ပျောက် ဆွမ်းသွပ်ခဲ့တယ်။ အမြဲတမ်းတက်ကြွနေတဲ့ ကလေး တယောက်ပါ” လို့ မြင်းခြံခရိုင် တပ်ရင်းအမှတ်-၃၊ တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က သံဃာတွေပင့်ပြီး ရက်လည်ဆွမ်းသွပ်ပေးခဲ့သလို သေဆုံးသူအတွက် အမှတ်တရ ဂုဏ်ပြုကျောက်တိုင် ပြုလုပ်ခဲ့ပြီး၊ သူ့ရဲ့ဖေ့စ်ဘုတ်အကောင့်မှာ ရေးခဲ့တဲ့စာကိုလည်း ကျောက်တိုင်မှာ ထားရှိတယ်လို့ ဆိုပါတယ်။

နှောကန်ရဲစခန်းကို ဧပြီ ၁၅ ရက်၊ ညနေ ၄ နာရီမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကစခန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ သေဆုံးဒဏ်ရာ ရသူတွေ များပြီး၊ စစ်ကူရောက် လာလို့ ရဲစခန်းကို မသိမ်းနိုင်ခဲ့ဘူးလို့ ပူးပေါင်းတိုက်ခိုက်ခဲ့သူတွေထံက သိရပါတယ်။

“လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စပစ်တယ်။ ရဲစခန်းနဲ့ ပေ ၅၀ အကွာလောက်မှာ တိုက်ပွဲဖြစ်တာ။ ပေ ၂၀ လောက်အထိ ဝင်တိုက်တယ်။ အရာရှိရဲမေ တဦးအပါ စစ်သားရောရဲရော ၁၄ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့ဘက်ကရဲဘော်တယောက် ကျဆုံးခဲ့တယ်” လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ကူတွေ ထပ်ရောက်လာလို့ ပြန်လည်ဆုတ်ခွါခဲ့ရပြီး၊ စစ်ကူလာတဲ့ ကားနဲ့ ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆက်ပြောပါတယ်။

အဲဒီတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်းအမှတ်-၁၊ မြင်းခြံခရိုင် တပ်ရင်းအမှတ်-၃၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ Zero Nine PDF-MGN၊ Natogyi Regional Defence Forces(NRDF)၊ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။