ချောင်းဦးက စရဖ သတင်းပေးဆိုသူ နေအိမ်မှာ ရှင်းလင်းခံရ

0 1
0 1

ချောင်းဦး၊ ဧပြီ ၂၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက်၊ ကုန်းခင်ရပ်က စရဖ သတင်းပေးလို့ လူသိများသူ အမျိုးသားတဦး နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂၀ ရက်မနေ့ကမနက် ၂ နာရီခန့်မှာ အသက် ၅၀ နှစ်အရွယ် ဦးဝင်းဆန်းဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက အိမ်ပြင်ခေါ်ထုတ်ပြီး ပစ်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူက အရင်ကတည်းက စရဖ အတွက် သတင်းပေးလုပ်နေတာ။ သူနေတာက မြို့အထွက် ဆည်မြောင်းရုံးအရှေ့နားမှာ နေတာ။ စစ်တပ်အာဏာမသိမ်းခင်ကတည်းက သတင်းပေးလုပ်လာတာ။ အဲဒါနဲ့ပတ်သက်ပြီး လာလုပ်သွားတာနေမယ်။ နေအိမ်ရှေ့မှာပဲ ပစ်သတ်သွားတာ။ နာမည်ခေါ်ထုတ်ပြီး အိမ်ရှေ့ထွက်ချိန်မှာပဲ ပစ်သွားတာ” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရလို့ ဦးဝင်းဆန်းဟာ ဦးခေါင်းနဲ့ ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာရပြီး နေရာတင် သေဆုံးခဲ့ကာ အလောင်းကိုတော့ ချောင်းဦးဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်နဲ့ စရဖတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမှု လုပ်ခဲ့ပြီး ဧပြီလ ၂၁ ရက်ဒီမနက်ပိုင်းမှာလည်း မြို့တွင်းစစ်ဆေးမှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒီရှင်းလင်းမှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေငြာထားတာ မရှိသေးပါဘူး။

၂၀၂၂ နိုဝင်ဘာလ ၁၀ ရက်နေ့က ချောင်းဦးမြို့၊ နေရှင်ရပ်ကွက်နေ အခွန်ရုံးဝန်ထမ်းဟောင်း ဦးစံကြူဆိုသူမှာလည်း နေအိမ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။