26 July 2026 3:30 PM

CDM ဆရာအတတ်သင် သင်တန်းကို တိုက်ခိုက်ဖို့ ရဟတ်ယာဉ်နဲ့ ရှာဖွေထောက်လှမ်းခဲ့

0 1
0 1

မကွေး၊ ဧပြီ ၁၇၊ ၂၀၂၃။

မကွေးတိုင်း၊ ဆောမြို့နယ်ထဲမှာ CDM ဆရာအတတ်သင် ရက်တိုသင်တန်းကို လေကြောင်းကနေ တိုက်ခိုက်ဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်နဲ့ လိုက်လံထောက်လှမ်းခဲ့တယ်လို့ သင်တန်းဆရာတဦးက ပြောပါတယ်။

ဧပြီလ ၁၆ ရက် ညနေ ၃ နာရီခွဲကစပြီး ၁ နာရီနီးပါးကြာအောင် ပစ်မှတ်လာရောက်ရှာဖွေသွားပြီး မတွေ့တဲ့အတွက် ပြန်လှည့်သွားတယ်လို့ သူက ဆိုပါတယ်။

“တရက်ပဲတက်ရသေးတယ်၊ သတင်းကပေါက်ကြားပြီး လေကြောင်းအန္တရာယ် ရှိတယ်ဆိုပြီး သတင်းရလို့ သင်တန်းပိတ်လိုက်ရတယ်၊ ဒီနေ့ညနေ လေကြောင်း ရောက်လာပြီးတော့ ပစ်မှတ်ရှာတယ်၊ ကျနော်တို့ကြားတာတော့ ပစ်မှတ်ကို မတွေ့သွားလို့ ပြန်လှည့်သွားတယ်ကြားတယ်” လို့ သင်တန်းတက်ရောက်နေတဲ့ ဆရာတဦးက ပြောပါတယ်။

သင်တန်းကို ဧပြီလ ၁၄ ရက်နေ့က စဖွင့်တာဖြစ်ပြီး ၁၅ ရက်နေ့ညနေကပဲ လေကြောင်းတိုက်ခိုက်မယ့် သတင်းရတဲ့အတွက် သင်တန်းကို ရက်အကန့်သတ်မရှိ ပိတ်ထားလိုက်ရပြီး လေကြောင်းအန္တရာယ် မရှိတော့ရင်တော့ ပုံမှန်အတိုင်း ပြန်လည်ပတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဆရာအတက်သင် သင်တန်းမှာ ဆောတမြို့နယ်လုံးက CDMဆရာ၊ ဆရာမတွေ၊ volunteer လူငယ်တွေ တက်ရောက်နေပြီး သင်တန်းပြီးရင်တော့ သက်ဆိုင်ရာ နယ်မြေက ‌ပြည်သူ့အခြေပြုကျောင်းတွေမှာ စာသင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ဆောမြို့နယ် ညောင်ကန်ကျေးရွာကို လေကြောင်းနဲ့ပစ်ခတ်ခဲ့ပြီး ပြည်သူ ၄ ဦးသေဆုံးကာ၊ ၈ ဦးဒဏ်ရာရပြီး အိမ် ၆ လုံးပျက်စီးခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။