ပျူခေါင်းဆောင်ရဲ့သားမင်္ဂလာဆောင်ပွဲမှာ စုဝေးနေတဲ့စစ်အုပ်စုကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပွဲပျက်

0 2
0 2

စစ်ကိုင်း၊ မတ် ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ပျူစောထီးရွာဖြစ်တဲ့ အလယ်ကျွန်းရွာက ပျူစောထီးခေါင်းဆောင်ရဲ့သား မင်္ဂလာဆောင်လုပ်တဲ့နေရာကို မင်္ဂလာပွဲစတင်ချိန်မတ်လ ၂၄ ရက်မနက် ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာဆီက သိရပါတယ်။

အလယ်ကျွန်းရွာက ပျူခေါင်းဆောင် မြင့်အောင်ရဲ့သား မင်္ဂလာဆောင်မှာ စစ်ကောင်စီတပ်၊ရဲနဲ့ ပျူစောထီး အင်အား ၅၀ လောက်စုဝေးနေချိန် ၆၀ မမ ၁၀ လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကိုမသိရသေးပေမယ့် မင်္ဂလာပွဲပျက်သွားတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာရဲဘော်တဦးက မြေလတ်အသံကိုပြောပါတယ်။

“ပျူခေါင်းဆောင်မြင့်အောင်ရဲ့ သား မင်္ဂလာဆောင်မှာ စစ်သားတွေ၊ ပျူတွေ၊ ရဲတွေ အင်အား ၅၀ လောက် ရှိနေတဲ့အချိန်တိုက်ခိုက်ခဲ့တာ၊ မင်္ဂလာပွဲစစချင်းပစ်တာ၊ ပွဲတော့ဆက်မလုပ်နိုင်တော့ဘူး။ စကစတွေထိခိုက်မှုကိုတော့မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်အုပ်စုဘက်က ပစ်ခတ်ခံခဲ့ရတာကြောင့် ကနီမြို့ပေါ်မှာ PDF တွေရှိနိုင်တယ်လို့ ယူဆတဲ့နေရာတွေကို တနေကုန် ၆၀ မမ၊ ၁၂၀ မမတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး မနေ့မနက်ပိုင်းအထိပစ်ခတ်နေခဲ့တယ်လို့ ဆိုပါတယ်။

အလယ်ကျွန်းပျူရွာဟာ အိမ်ခြေ ၃၀ ခန့်နဲ့ ပျူစောထီး ၈၀ ကျော်ရှိကာ စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖြစ် တရွာလုံးကလက်မှတ်ထိုးပြီးဝင်ထားတဲ့အပြင် စစ်ကောင်စီတပ်က ၆၀ မမ စိန် ပြောင်း၊ စက်လက် MA-2 နဲ့ကာဘိုင် စတဲ့ လက်နက်ကြီး၊လက်နက်ငယ်တွေ ချပေးထားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးအခြေအနေတွေကို မသိရသေးပဲ လက်ရှိမှာတော့ အဲ့ဒီပျူရွာနဲ့ အနီး တဝိုက်မှာ စစ်ကောင်စီတပ်တွေရှိနေပြီး ရွာပတ်ပတ်လည်မှာလည်း ကင်းပုန်းဝပ်တာတွေ၊ ကင်းပတ်တာ တွေလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။