မသန်စွမ်းအမျိုးသမီးတဦးအပါ ၇ဦးကိုသတ်ပြီး နေအိမ် ၂၀၀ကျော်ကိုပါ မီးရှို့

0 3
0 3

ဘုတလင်၊ မတ် ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ဆုံကုန်းရွာကို စစ်ကောင်စီတပ်သားတွေ တိုက်ပွဲမရှိပဲ စစ်ကြောင်းထိုးဝင်လာပြီး မသန်စွမ်းအမျိုးသမီးတဦးအပါအဝင် ပြည်သူ ၇ဦးကိုသတ်ပြီး ရွာကိုပါ မီးရှို့သွားခဲ့ပါတယ်။

အင်အား ၅၀ကျော်ပါတဲ့ စစ်ကြောင်းဟာ မတ်လ ၂၅ရက် ဒီနေ့မနက် ၇နာရီခွဲလောက်မှာ ဘုတလင်မြို့ရဲစခန်းကနေ အနောင်တောင်ဘက် ၅မိုင်လောက်အကွာမှာရှိတဲ့ ဆုံကုန်းရွာကို ဝင်လာပြီး အသက် ၅၀ ကျော် ၆၀ဝန်းကျင် အမျိုးသမီး ၅ဦးနဲ့ အမျိုးသား ၂ဦးကို သတ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“စစ်ကြောင်းလာရင် တရွာလုံးထွက်ပြေးနေကြ။ စစ်ကောင်စီတပ်တွေ အကြမ်းဖက်သတ်ဖြတ်သွားတဲ့သူတွေထဲမှာ အမျိုးသမီးနှစ်ဦးက မျက်မမြင်တဦးနဲ့ ကင်ဆာဝေဒနာ တဦးပါ” လို့ ဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။

အဲ့ဒီလို့ မီးရှို့ သတ်ဖြတ်တာတွေ လုပ်ခဲ့တဲ့ စစ်ကြောင်းဟာ တနာရီအကြာမှာ ဘုတလင်မြို့ထဲပြန်ဝင်သွားခဲ့ပြီး မီးလောင်ကျန်ခဲ့တဲ့ရွာကိုတော့ ရွာသားတွေက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးချိန်စလို့ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့နယ်ထဲ ကျေးရွာစုစုပေါင်း ၂၂ရွာနဲ့ ပြည်သူနေအိမ်ပေါင်း ၇၀၀ ကျော်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။