၃လတာအတွင်း စစ်ကောင်စီဘက်က ၁၀၀ကျော် သေဆုံးခဲ့တယ်လို့ Zero ပြောက်ကျားတပ်ပြော

0 9
0 9

မြင်းခြံ၊ မတ် ၂၅၊ ၂၀၂၃။

၂၀၂၃ ခုနှစ်မှာ တိုက်ပွဲတွေကို အရှိန်မြင့်မယ်လို့ ဆိုထားတဲ့ မြင်းခြံခရိုင် Zero ပြောက်ကျား တပ်မဟာ၊ တပ်ရင်း ၇ က စစ်ကိုင်းတိုင်းထဲမှာ ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၂ ရက် ၃ လဝန်းကျင်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၁၂၀ ဦး ဝန်းကျင် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ၃ လအတွင်း တိုက်ပွဲတွေမှာ မိုင်းဆွဲတိုက်ခိုက်မှု ၅ ကြိမ် နဲ့ ထိတွေ့တိုက်ပွဲ ၉ ကြိမ်နဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ စစ်ကြောင်းတွေနဲ့ ဆက်ကြေးကောက်တဲ့နေရာတွေကို ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့ရမှာ ထိခိုက်သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် ဗိုလ်သက်ကြီးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက် သေဆုံးစာရင်းကိုတော့ မျက်မြင်သက်သေနဲ့ တပ်တွင်း ဖရဲသီးတွေရဲ့ ပြောပြချက်အရသိရတာလို့ ပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးတဲ့အထဲမှာ တပ်မ ၉၉ ဘီလူးစစ်ကြောင်းက စစ်ကြောင်းမှူးအပါအဝင် စစ်သားတွေနဲ့ ပျူးတွေပါ သေဆုံးခဲ့တာလို့ ဗိုလ်သက်ကြီးဆီက သိရပါတယ်။

အဲဒီတိုက်ပွဲတွေမှာ မဟာမိတ်အဖွဲ့ဖြစ်တဲ့ ဆားတောင်မိုးကြိုးအဖွဲ့ထဲက ရဲဘော် ၂ ယောက် ကျဆုံးသွားတာရှိပြီး Zero ပြောက်ကျားအဖွဲ့က ထိခိုက်ဒဏ်ရာရ ရဲဘော်အနည်းကျင်း ရှိခဲ့ပေမယ့် သက်သာပျောက်ကင်းနေပြီလို့ ဆိုပါတယ်။

Zero ပြောက်ကျားအဖွဲ့အနေနဲ့ ၂၀၂၃ နှစ်ဦးပိုင်းကစလို့ မတ်လအတွင်း စစ်သုံးစရိတ်ပေါင်း သိန်း ၁၀၀၀ ဝန်းကျင် ကုန်ကျစရိတ်ရှိ‌တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း စစ်ကောင်စီတပ်က သူတို့စခန်းကို လျှပ်တပျက် ဝင်စီးခဲ့လို့ လက်နက်တချို့ကို ဆုံးရှုံးခံလိုက်ရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။