NUG လက်နက်တပ်ဆင်မှုတွေလာတော့မှာမလို့ ရဲဘော်တွေကို မွမ်းမံသင်တန်းပေး

0 3
0 3

မြေလတ်အသံ၊ မတ် ၂၅၊ ၂၀၂၃။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်နက်တပ်ဆင်မှုတွေ လုပ်နေပြီဖြစ်လို့ တပ်ဖွဲ့ဝင်တွေကို မွမ်းမံသင်တန်းတွေ စပေးနေပြီဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း ၇၀၂ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အနောက်ပိုင်းတိုင်း အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် တပ်ရင်း အမှတ် ၂ ရဲ့ စစ်ပညာရပ် မွမ်းမံသင်တန်း အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို မတ်လ ၂၄ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ တပ်ထောက်နဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲမေ တာလဘောက မြေလတ်အသံကို ပြောပါတယ်။

“စစ်သည်တော် တယောက်ကြုံတွေ့လာရမယ့် ဖြစ်စဥ်မျိုးတွေကို ခက်ခဲပင်ပန်းကြီးစွာနဲ့လုပ်ဆောင်ပို့ချပေးခဲ့တာပါ။ နေ့တိုက်ပွဲ ညတိုက်ပွဲတွေ၊ လက်နက်ဖြုတ်တပ်အပိုင်းတွေ၊ ဖောက်ခွဲရေးလုပ်တာတွေကို သင်ကြားပေးပါတယ်။ အခက်အခဲမျိုးစုံရှိပေမယ့် ရဲဘော်တွေက အားကြိုးမာန်တက် လေ့ကျင့်နိုင်ခဲ့ကြတယ်” လို့ ဆိုပါတယ်။

သင်တန်းကာလကတော့ ရက်တိုသင်တန်း ၇ရက်ကြာမြင့်ပြီး မနက် ၄ နာရီခွဲကနေ ည ၉ နာရီအထိ ကျား/မ မခွဲခြားဘဲ စစ်ရေးနဲ့ တိုက်ခိုက်ရေးစွမ်းရည်ပြည့်ဝဖို့၊ စစ်မြေပြင်မှာ အမိန့်နာခံတတ်ဖို့ စာတွေ့ရောလက်တွေ့ပါ အဓိကသင်ကြားပေးခဲ့တယ်လို့ ရဲမေ တာလဘော က ပြောပါတယ်။

“လက်နက်တပ်ဆင်မှုက ခရိုင်တပ်ရင်းတွေကို အခုလည်းလုပ်နေပြီ။ လုပ်နေပြီဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဆီမှာ လက်နက်တပ်ဆင်မှုကျလာတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင်ပေါ့နော်။ နဂိုရှိပြီးသား ရဲဘော်အဟောင်းတွေကို မွမ်းမံထပ်လုပ်တာပါ” လို့ ဆိုပါတယ်။

သင်တန်းကို ရဲဘော် အင်အား ၃၀ ဦးနဲ့ မတ်လ ၁၆ ရက်က စတင်းပြီး ၂၂ ရက်မှာ သင်တန်းပြီးဆုံးကာ သင်တန်းဆင်းပွဲကိုတော့ မတ်လ ၂၃ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

အနောက်ပိုင်းတိုင်း တပ်မဟာ ၇ တပ်ရင်း ၇၀၂ မင်းဘူးခရိုင်တပ်ရင်း အမှတ် ၂ ဟာ NUG MOD ရဲ့လက်အောက်ခံတပ်ရင်းတခု ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။