စစ်ရှောင်ပြည်သူတွေကို CDM ပြည်သူ့ဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုပေး

0 4
0 4

ကန့်ဘလူ၊ မတ် ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို CDM ပြည်သူ့ဝန်ထမ်းတွေက မတ်လ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ကန့်ဘလူခရိုင်ထဲမှာ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်အထိရှိနေပြီး သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို CDM ကျန်းမာရေးဝန်ထမ်းတွေက အမြဲလုပ်ဆောင်ပေးနေပေမယ့်လည်း လုံခြုံရေးအခြေအနေတွေအရ ထုတ်ဖော်ပြသတာမျိုး မပြုလုပ်တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

“အဓိကကုသပေးတာက ပြေးရင်းလွှားရင်း ကျန်းမာရေးမကောင်းတာတွေ၊ သက်ကြီးပိုင်းတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေကိုလည်း အမြဲကုသပေးတယ်။ စစ်ရှောင်စခန်းတွေကို လှည့်ပြီးကုသပေးတာမျိုးပေါ့။ CDM ဝန်ထမ်း ဘယ်လောက်နဲ့ စောင့်ရှောက်မှု ပေးနေတယ်ဆိုတာတော့ လုံခြုံရေးအရ ပြောဆိုခွင့်မရှိလို့ပါ” လို့ ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်းမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူ ၃ သောင်းကျော်ထဲမှာ တချို့ဟာ ထွက်ပြေးတိမ်းရှောင်နေရတာ ၁ နှစ်ကျော်လောက်ရှိပြီး လက်ရှိအချိန် နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့တုန်းကလည်း ကန့်ဘလူခရိုင်၊ ကိုးတောင်ဘို့တိုက်နယ်မှာ အသက် ၂၀ အရွယ် စစ်ရှောင်အမျိုးသမီးတဦးဟာ နွားတွေစစ်ရှောင်တဲဆီ ပြန်လည်ခေါ်ဆောင်လာချိန် မြွေဆိုးကိုက်ခံခဲ့ရပြီး၊ ကန့်ဘလူခရိုင်ထဲက စစ်ရှောင်ပြည်သူတွေဟာ မကြာခဏဆိုသလို မြွေကိုက်ခံရမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။