12 July 2026 7:15 AM

ကျင်စက်နဲ့ရှော့တိုက် ငါးဖမ်းသူ အမျိုးသားတဦး ဓါတ်လိုက်သေဆုံး

0 7
0 7

သဲကုန်း၊ မတ် ၁၅၊ ၂၀၂၃။

ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်စွယ်ရပ်ရွာ အနောက်ဘက် ရေကန်ထဲမှာ ဓါတ်လိုက်ခံရသူ အမျိုးသားတဦးကို ဆေးရုံပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ သဲကုန်းပရဟိတနာရေးကူညီမှုအသင်းက သိရပါတယ်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့ည ၁၀ နာရီခွဲခန့်က သတင်းပေးအကြောင်းကြားလို့ သွားရောက်ကယ်ဆယ်ကာ အရေးပါ်ဌာနကိုပို့ဆောင်ခဲ့ပေမယ့် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“သဲကုန်မြို့နဲ့နှစ်မိုင်ကျော်လောက်ဝေးမယ်၊ ကန်စပ်ချောင်းစပ်မှာငါးဓါတ်တို့ကျတာ၊ သူတို့လုပ်နေကျတွေပါ၊ ခုက အက်ဆီးဒင့်သဘောမျိုးဖြစ်တာ၊ ကန်ထဲမှာငါးတွေကို ကျင်စက်နဲ့ဖမ်းကြတာ၊ အုပ်စုလိုက်ဖမ်းရင်း ကြိုးပေါက်တာမျိုးနဲ့ ဓာတ်လိုက်သွားတာမျိုးဖြစ်ပြီး၊ သေသွားတာဖြစ်နိုင်တယ်လို့” သဲကုန်းပရဟိတနာရေးကူညီမှုအသင်း ဥက္ကဌက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၀ အရွယ်ရှိ အမျိုးသားတဦးဖြစ်ကာ သူရဲ့ ရုပ်အလောင်းကို ယနေ့မတ်လ ၁၅ ရက်မနက်ပိုင်းက မြို့နယ်ဆေးရုံကြီးရင်ခွဲရုံကတဆင့် သေဆုံးသူနေထိုင်ရာ တပ်ရွာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ဘတ္ထရီအကြီးစားတွေနဲ့ လျှပ်စစ်ရှော့တိုက်ကျင်စက်တို့ ငါဖမ်းနည်းဟာ လူအတွက်အန္တရာယ်များသလို ငါးဥချချိန်နဲ့ ငါးသားပေါက်များ မျိုးတုန်းမှုကို ဆိုးဆိုးရွားရွားဖြစ်စေတဲ့အတွက် ဥပဒေအရတားမြစ်ထားသော ငါးဖမ်းနည်းဖြစ်သော်လည်း ထိထိရောက်ရောက် တားမြစ်နိုင်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ပုံစာ – သေဆုံးသွားသူ၏ရုပ်အလောင်းကို ပြန်လည်ပို့ဆောင်ပေးနေသော ပရဟိတကား။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။