ပခုက္ကူမှာ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရလို့ ၂ ဦးခန့်သေဆုံး

0 4
0 4

ပခုက္ကူ ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား၂ ဦး သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြို့နယ် ဒရုန်းတပ်ခွဲ ၄ – Dog Hunter Uav Force က သတင်းထုတ်ပြန်ထားပါတယ်။

ဆိပ်ဖြူမြို့နယ်ဘက်ကနေ ပခုက္ကူမြို့နယ်၊ စညောင်းရွာအနောက်ဘက် တောထဲကို ရောက်နေတဲ့ အင်အား ၆၀ လောက်ရှိတဲ့ စစ်တပ်ကို ဖေဖေါ်ဝါရီလ ၂၅ ရက်မနက် ၁၀ နာရီလောက်က ဒရုန်းအသုံးပြုပြီး အီနာဂါဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်တပ်က တောထဲမှာ ပုန်းနေတာကို အီနာဂါနဲ့ ပစ်ချခဲ့တာပါ။ စစ်သား ၂ ယောက် သေတယ်။ မျက်မြင်တွေ့တာက တယောက်သေတယ်။ ဗီဒီယိုမှတ်တမ်းထဲမှာ တယောက်၊ စစ်သားသေတာ မြင်ရတယ်။ ၂ ယောက် သေတာပါ” လို့ Dog Hunter Uav Force ရဲ့ တပ်ခွဲမှူး ဗိုလ်ဆင်ရိုင်းက ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒရုန်းအသုံးပြုရာမှာ မီတာ ၇၀၀ လောက်က ပျံရမှာကို မီတာ ၅၀၀ လောက်နဲ့ ပျံသန်းခဲ့တာကြောင့် စစ်ကောင်ရဲ့ဂျမ်မာနဲ့ ပစ်ချဖျက်ဆီးတာကို ခံလိုက်ရလို့ Dog Hunter Uav Force ရဲ့ တိုက်ခိုက်ရေး ဒရုန်းတစီး ပျက်စီးခဲ့တယ်လို့လည်း ဗိုလ်ဆင်ရိုင်းက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဆိပ်ဖြူမြို့နယ် ဒရုန်းတပ်ခွဲ ၄ Dog Hunter Uav Force အဖွဲ့က ဦးဆောင်ပြီး King Fighter Special Guerrilla Force နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖေါ်ဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်တွေကလည်း ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူ နယ်စပ်တလျောက်မှာ စစ်ကြောင်းထိုးခဲ့ကြတာကို Dog Hunter Uav Force၊ Oak Awe UG (Salay)၊ King Fighter Special Guerrilla Force၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့၊ Black Hawk Seikphyu Revolution Front အဖွဲ့တွေက ဒရုန်းတွေ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြလို့ စစ်သားတွေ ဒဏ်ရာရခဲ့ကြပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။