⁩ ⁨ပေါ်တာလိုက်ဆွဲနေတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေပြီး ၁ ဦး ဒဏ်ရာရ (ရုပ်သံ)

0 2
0 2

တောင်တွင်းကြီး၊ နိုဝင်ဘာ ၅၊ ၂၀၂၆။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာအနီး ဆတ်သွား-လယ်ဝေးလမ်းပိုင်းမှာ ကင်းလှည့်ပြီး၊ ပေါ်တာလိုက်ဆွဲနေတဲ့ ရဲတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေပြီး ၁ ဦး ဒဏ်ရာရတယ်လို့ နိုဝင်ဘာလ ၄ ရက်နေ့က နေပြည်တော် ၉၀၂ တပ်ရင်း၊ တပ်ခွဲ ၃ က သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကုက္ကိုကုန်း ရဲစခန်းကနေ အင်အား ၆ ဦး၊ ဆိုင်ကယ် ၃ စီးနဲ့ ဆတ်သွားဘက်ကို ထွက်လာတဲ့ ရဲအဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိလာတာကြောင့် စစ်ရေးအခြေငြိမ်သက်မှ သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်းရဲတပ်သား ၂ ဦးနေရာမှာပင် သေဆုံးပြီး တဦးဒဏ်ရာပြင်းထန်ရရှိသွားကာ ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ထိခိုက်သူမရှိဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ရဲတွေ​ဆီက MA-13 ၁ လက်နဲ့အတူ ကျည် ၉ တောင့်နဲ့ ဆိုင်ကယ် ၂ စီးကိုတော်လှန်ရေးတပ်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို ရိုးမဖိုက်တာစစ်ကြောင်းအောက်က တပ်ရင်းတပ်ဖွဲ့တွေအပြင် မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နဲ့ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီ)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။