⁨⁩ ⁨”ငါပျူစောထီးကွ”ဆိုပြီး သေနတ်ပြခြိမ်းခြောက် ငွေတောင်းပစ်ခတ်လို့ ဆိုင်ရှင်အမျိုးသားသေဆုံး ၂ ဦးဒဏ်ရာရ

0 3
0 3

မန္တလေး၊ နိုဝင်ဘာ ၆၊ ၂၀၂၆။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ မြောက်ပိုင်း ကားလမ်းဘေးရှိ ထာဝရ ဖုန်းဆိုင်မှာ “ငါပျူစောထီးကွ”ဆိုပြီး သေနတ်ပြကာ ခြိမ်းခြောက်ငွေတောင်း ပစ်ခတ်လို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၁ နာရီခန့်က အဆိုပါ ဖုန်းဆိုင်ကို ဆိုင်ကယ်တစီးနဲ့ အမျိုးသား ၁ ဦးရောက်လာပြီးနောက် “ငါပျုစောထီးကွ”ဆိုပြီး ခြိမ်းခြောက်ငွေတောင်းခဲ့ရာ
အသက် ၄၀ အရွယ် ဆိုင်ရှင်အမျိုးသား ကိုအောင်မျိုးသန့်က မေးမြန်းစဥ်မှာ သေနတ်နဲ့ ၂ ချက်ပစ်ပြီး ဆိုင်ကယ်နဲ့ မောင်းပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ပျုစောထီးဆိုပြီး ငွေတောင်းတယ်တဲ့။ ဆိုင်ရှင်က ငွေမပေးနိုင်ဘူး။ ပျူစောထီးဆိုလည်း အဖွဲ့နာမည် မေးတဲ့အချိန်မှာ ပစ်သွားတာ။ ဦးခေါင်းတချက်ထိပြီး လဲကျသွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် သေနတ်သမားက ထွက်ပြေးသွားစဥ် ကိုအောင်မျိုးသန့်ရဲ့ ဦးလေးဖြစ်သူနဲ့ နောက်ထပ်အမျိုးသားတဦးတို့ဟာ ထွက်ပြေးသွားတဲ့ သေနတ်သမားနောက်ကို ကားနဲ့လိုက်လံဖမ်းဆီးရာ လိန်ပင်ကျေးရွာအရောက်မှာ ကားနဲ့ လိုက်လာသူ ၂ ဦးကို သေနတ်သမားက သေနတ်နဲ့ ထပ်မံပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမားရဲ့ ပစ်ခတ်တဲ့ ကျည်ထိမှန်ခဲ့လို့ ကားပေါ်ပါလာသူ အသက် ၅၀ ကျော်အရွယ် ဦးမောင်နဲ့ ဦးပေလုံးတို့မှာ ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး သေနတ်သမားမှာ လွတ်မြောက်သွားခဲ့ပါတယ်။

သေနတ်ဒဏ်ရာရသူ ၃ ဦးကို ဒေသခံတွေက မန္တလေး ပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ်မှာ ဦးခေါင်းကျည်ထိမှန်ထားတဲ့ ထာဝရ ဖုန်းဆိုင်ပိုင်ရှင် ကိုအောင်မျိုးသန့်မှာ သေဆုံးသွားပြီး ကျန်သူ ၂ ဦးက ဆေးကုသမှု ဆက်လက်ခံယူနေရပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့ကလည်း မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကံကောက်ရပ်ကွက်မှာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ဖုန်းအရောင်းဆိုင် တဆိုင်တို့ သေနတ်ပြ လုယက်ခံရပြီး ငွေကျပ် ၅ သိန်းနဲ့ ဖုန်း ၄ လုံးပါသွားသေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။