11 July 2026 12:33 PM

မိုင်းခင်းဖို့ ပြင်နေတဲ့ PDF ရဲဘော် ၂ ဦး စစ်ကောင်စီတပ်နဲ့ တွေ့ပြီး မီးရှို့သတ်ခံရ

0 5
0 5

ယင်းမာပင်၊ ဖေဖော်ဝါရီ ၂‌၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းခင်းဖို့ ပြင်နေတဲ့ PDF ရဲဘော် ၂ ဦးဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး မီးရှို့သတ်ဖြတ်ခံရတယ်လို့ တပ်ဖွဲ့ဝင်ထံမှ သိရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ် ရိုးမဖိုက်တာ ခရိုင်တပ်ရင်း အမှတ် (၃၄) တပ်ဖွဲ့ဝင်ဖြစ်တဲ့ ရဲဘော်ချစ်ကောင်းစံ အသက် (၁၈) နှစ်နဲ့ ရဲဘော် အောင်ဇေယျ (ခ) မီးပွား အသက် (၂၁) တို့ဟာ စစ်ကောင်စီကို မိုင်းခင်းဖို့ စခန်းမှာ ဘတ်ထရီပြန်ယူနေစဉ် စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၀ နာရီလောက်မှာတော့ မီးရှို့ခံထားရတဲ့ ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းကို ယင်းမာပင်မြို့နယ်ထဲက တာဝကျေးရွာ စာသင်ကျောင်းမှာ တွေ့ရှိခဲ့တယ်လို့ ရိုးမဖိုက်တာတပ်ရင်းမှူးက မြေလတ်အသံကို ပြောပါတယ်။

“အဖမ်းခံရတာကတော့ ရဲဘော် ၃ ဦးနဲ့ ရွာသားတွေလည်း ပါတယ်။ ရဲဘော်တဦးနဲ့ ရွာသားတွေကတော့ လွတ်သွားတယ်။ သူတို့ ၂ ဦးပဲ ကျန်ခဲ့တယ်။ ပထမတော့ တာဝရွာဘုန်းကြီးကျောင်းမှာ သူတို့ကို စစ်ဆေးပြီး ရိုက်နှက်တယ်။ ခဏနေတော့ ဘုန်းကြီးကျောင်းကနေ ထွက်သွားပြီး စာသင်ကျောင်းဘက်မှာ မီးရှို့သွားတယ်” လို့ ဆိုပါတယ်။

မီးရှို့ခံရတဲ့ ရဲဘော် ၂ ဦး ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေထံ ပြန်လည်ပို့ဆောင်ပေးဖို့ကလည်း မိသားစုဝင်တွေက စစ်ရှောင်နေရတဲ့အတွက် မိမိတို့တပ်ဖွဲ့တွေကသာ မြေမြုပ် သဂြိုလ်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။

ရဲဘော် ချစ်ကောင်းစံ နဲ့ ရဲဘော် အောင်ဇေယျ (ခ) မီးပွား ကို မီးရှို့သတ်ဖြတ်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ တာဝရွာက နေအိမ် ၂၀ ကျော်ကိုလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တကြိမ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေပိုင်းမှာ တကြိမ် ၂ ကြိမ်တိတိ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။