မန္တလေးမှာ ဆေးလိပ်တိုကတဆင့် မီးလောင်လို့ နေအိမ် ၂ လုံး ပျက်စီး

0 4
0 4

မန္တလေး၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ အကွက် (၇၅၀)၊ ကုလားပျိုရပ်၊ ၃၃ အေလမ်း၊ လမ်း ၇၀နဲ့ ၇၁ လမ်းကြားမှာ ဆေးလိပ်တိုကတဆင့် မီးလောင်ခဲ့တာကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်မနေ့ည ၈ နာရီ ၃၅ မိနစ်ခန့်မှာ လူငယ် ၄ ဦး ငှားရမ်းနေထိုင်တဲ့ နေအိမ်မှာ ဆေးလိပ်သောက်ပြီး ဆေးလိပ်တိုကို အိပ်ယာဘေးမှာ ထားရှိရာမှ အိပ်ယာကို မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အိမ်ဌားတွေပါ။ လူငယ်ပိုင်းတွေဘဲ သူတို့က အိပ်ယာနား ဆေးလိပ်သောက်ပြီး ဆေးလိပ်ထားထားရာကနေ စောင်ကတဆင့် မီးကူးပြီး မီးလောင်တာ။ သူတို့က အိမ်အောက်ထပ်မှာ ဌားနေတာ။ အိမ်ကလည်း သစ်သားအိမ်ဆိုတော့ မီးပိုလောင်သွားစေတာ။ အိမ်ဌားလူငယ်တွေကိုတော့ ရဲက အမှုဖွင့်ထားတယ်” လို့ ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားလို့ သစ်သားနှစ်ထပ်နေအိမ်နဲ့ RC နှစ်ထပ်တိုက်တို့ မီးလောင်ခဲ့သလို ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်နဲ့ ရပ်ကွက်နေ ပြည်သူတွေက မီးငြိမ်းသတ်ယာဥ်နဲ့ ရေသယ်ယာဥ် ၂၅ စီး အသုံးပြု မီးငြိမ်းသတ်ခဲ့ရာ မီးလောင်ပြီး ၁ နာရီခန့်အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက် ညနေပိုင်းကလည်း ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ အကွက် (၂၅၅)၊ ၃၀-၃၁ ကြား၊ ၈၉-၉၀ ကြားမှာ မီးလောင်မှု ဖြစ်ပွားခဲ့တဲ့အတွက် အမျိုးသမီးကြီး ၁ ဦး သေဆုံးပြီး နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။