စစ်ကိုင်းတိုင်း ကြားကာလကျောင်းက ကလေးတွေမှာ Vitamin B2 ဓာတ်ချို့တဲ့ (ကျီးကန်းပါးစပ်နာ) ရောဂါအဖြစ်များနေ

0 6
0 6

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်အချို့ရှိ ကြားကာလစာသင်ကျောင်းက ကလေးတွေမှာ vitamin B2 ဓာတ်ချို့တဲ့ (ကျီးကန်းပါးစပ်နာ) မှုအဖြစ်များနေတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီရဲ့ AVSC Medical Team အဖွဲ့ဆီက သိရပါတယ်။

အဲဒီကျောင်းတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရလမ်းညွှန်မှုနဲ့ ဖွင့်လှစ်ထားတဲ့ကျောင်းတွေဖြစ်ပြီး ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်တို့က ကျောင်းပေါင်း ၁၈ ကျောင်းကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့စဉ်မှာ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

“ကျောင်းတိုင်းကျောင်းတိုင်းမှာ ကျန်းမာရေးစစ်တော့ အတွေ့အများဆုံးက Vitamin B2 Deficiency ပေါ့နော်။ vitamin B2 ဓာတ်ချို့တဲ့တာ Angular Cheilitis (ကျီးကန်းပါးစပ်နာ) အဲ့လိုမျိုးရောဂါအတွေ့များတယ်။” လို့ AVSC Medical Team အဖွဲ့က CDM ဝန်ထမ်းဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)အဆင့်ရှိ ဆရာမ မအိက ပြောပါတယ်။

အဲဒီလိုရောဂါဖြစ်ရင်တွေ့တတ်တဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီး “အဲဒီဓါတ်ချို့တဲ့ရင် ပါးစောင်နဲ့နှုတ်ခမ်းအတွင်းပိုင်းလေးတွေမှာလည်း အဖုသေးသေးလေးတွေပေါက်တတ်တာပေါ့နော်။ အစားအသောက်ရှောင်လွန်းရင်လည်းဖြစ်တတ်ပါတယ်။ ခေါင်းတခြမ်းကိုက်တာ ခြေဖနောင့်တွေကွဲတတ်တယ်။ မျက်လုံးယားယံတာ၊ မူးဝေတာမျိုးဖြစ်တတ်ပါတယ်” လို့ ဆရာမ မအိက ဆက်ပြောပါတယ်။

ကျီးကန်းပါးစပ်နာ ရောဂါက အသက်ရွယ်မရွေးဖြစ်နိုင်ပြီး နို့နဲ့နို့ထွက်ပစ္စည်းမစားသုံးတာ ကြောင့်လည်းဖြစ်နိုင်ကာ ဆေးကိုတော့ vitamin B2 တိုက်ကျွေးတာ အဟာရမျှတအောင်စားပေး တာတို့နဲ့ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။