27 July 2026 1:33 AM

ဝက်လက်မြို့ ပျူစောထီးနဲ့ PDFတို့ တိုက်ပွဲဖြစ်လို့ ပျူ၂ဦးသေဆုံးဟုဆို

0 7
0 7

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရပ်ကွက်တခုမှာ ပျူစောထီးတွေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်လို့ ပျူစောထီး ၂ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝက်လက်မြို့ပေါ်က ရပ်ကွက်တခုမှာ ပျူစောထီးတပ်ဖွဲ့ဝင်တွေရှိတယ် သတင်းရလို့ PADF နဲ့ ပူးပေါင်းတပ်ဖွဲ့က သွားရှာခဲ့ပေမယ့် အိမ်မှားဝင်မိခဲ့လို့ ပျူစောထီးတွေထွက်ပြေးသွားခဲ့ကြတာဖြစ်တယ်လို့ People’s Army to Fight Dictatorship ( PADF) တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်တေဇက ပြောပါတယ်။

“အဲဒီမြို့‌ပေါ်ရပ်ကွက်မှာက သူတို့က လာနေလိုက်၊ စားလိုက်သောက်လိုက်လုပ်နေတယ်။ အဲဒီထဲမှာတော့ ပျူခေါင်းဆောင်တဦးက အမြဲနေတယ်။ ကျနော်တို့ ပထမဝင်တဲ့ အိမ်နဲ့ သူတို့နေတဲ့အိမ်က ကပ်လျက်ပဲ အဲမှာအသံတွေကြားတော့ သူတို့ (ပျူစောထီး)က လက်နက်တွေ ယူပြီးထွက်ပြေးသွားကြတာ” လို့ ပြောပါတယ်။

PDF တွေက ပျူစောထီးတွေရဲ့ လက်နက်တွေသိမ်းဖို့ သွားခဲ့ပေမယ့် ထွက်ပြေးသွားခဲ့လို့ အသုံးအဆောင်ပစ္စည်းအချို့နဲ့ ဝတ်စုံအချို့ကိုပဲ သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပျူစောထီးအိမ်က ပြန်အထွက်မှာ နောက်ထပ်ပျူစောထီးအင်အား ၅၀နီးပါးနဲ့ ပြန်ရောက်လာလို့ PDF တွေနဲ့ မိနစ် ၂၀ နီးပါး အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးတယ်လို့ ပြောပါတယ်။

“သူတို့နေတဲ့နေရာနဲ့ ရဲစခန်းက နီးနီးလေးပဲ။ အဲဒီရဲစခန်းထဲမှာ ပျူတွေရော၊ ရဲတွေရော၊ စစ်သားတွေရော စုပေါင်းပြီး နေနေကြတာ။ ကျနော်တို့ ပြန်ထွက်ချိန်မှာ သူတို့က လူအင်အားဖြည့်ပြီးလာတော့ ပစ်ခတ်မှုတွေဖြစ်တာပဲ “ လို့ ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောချက်အရ ပျူစောထီးဘက်က ၂ဦးသေဆုံးတယ်လို့ သိရပြီး PDF ပူးပေါင်းအဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်သွားနိုင်ခဲ့တယ်လို့ ဗိုလ်တေဇ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို PADF တပ်ဖွဲ့ရဲ့ တပ်စိပ် ၁၊၂၊၃၊၄ အပါအဝင် PAFDတပ်ခွဲ DKPDF-MMU မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။