myaelatt athan

Sharing Information to the Local

လေတပ်ကိုတိုက်ခိုက်မဲ့ အစီအစဉ် ဒလံသတင်းပေးလို့ပျက်တဲ့အပြင် ရဲဘော်တဦးဒဏ်ရာရ

0
0

မန္တလေး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၃။

မန္တလေးတိုင်း တံတားဦးမြို့နယ်က တံတားဦးလေတပ်ကို တိုက်ခိုက်ဖို့ စီစဥ်ထားပေမယ့် ဒလံသတင်းပေးမှုကြောင့် အစီအစဥ်ပျက်ခဲ့ရတဲ့အပြင် ရဲဘော်တဦးဒဏ်ရာရခဲ့ပြီး လက်နက်အချို့လည်း ဆုံးရှုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက် ညပိုင်းမှာ တံတားဦး လေယာဉ်ကွင်းအနောက်ဖက် နွားထိုးကြီး – ပြင်စည်သွားလမ်းကနေ ပဲထိန်းဒုံးအမျိုးအစား ၇လုံးနဲ့ ပစ်ဖို့ပြင်ဆင်နေချိန်မှာ စစ်ကောင်စီကင်းအဖွဲ့က ပစ်လို့ ပြန်ဆုတ်ခဲ့ရတယ်လို့ အနက်ရောင်သေမင်း PDF ခေါင်းဆောင် ဗိုလ်နောင်လေးက ပြောပါတယ်။

အဲ့ဒီညမှာ အထူးကွန်မန်ဒို ရဲဘော် ၅ဦးက တိုက်ခိုက်ဖို့သွားခဲ့တာဖြစ်ပြီး ရဲဘော် Doe ဆိုသူက သေနတ်ဒဏ်ရာရခဲ့ပြီး ပဲထိန်းဒုံး ၇လုံးထားခဲ့လိုက်ရတယ်လို့ ဆိုပါတယ်။

“ထုံးဘိုရွာက ဒလန် လင်မယား ၂ ယောက်က အတိအကျသတင်းပေးခဲ့တာလို့ သိရတယ်။ ရဲဘော် Doe နဲ့အတူ မစ်ရှင်လုပ်ဖို့ အထူးကွန်မန်ဒို ၅ ယောက်ပါဝင်ခဲ့တယ် ။ ရဲဘော် Doe ဟာ ရန်သူနဲ့ အနီးကပ်ဖြစ်တော့ ပစ်ခတ်ခံလိုက်ရတာပါ ။ ကျန်တဲ့အဖွဲ့သားတွေက ရဲဘော် Doe ကိုကယ်ထုတ်နိုင်ခဲ့တယ်။” လို့ ပြောပါတယ်။

ရဲဘော် Doe ဟာ ဗိုက်နဲ့ လက်မောင်းသေနတ်ဒဏ်ရာအရှိန်ကြောင့် လက်ရှိအချိန်အထိ သတိလစ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အခုပျက်သွားခဲ့တဲ့ တိုက်ခိုက်မှုအတွက် သူ့ရဲ့ ဒုတိယ အမွေဆိုင်ခြံကို ရောင်းလို့ရတဲ့ ငွေနဲ့ စီစဥ်ခဲ့တာဖြစ်ပေမယ့် သတင်းပေါက်ကြားပြီး တိုက်ခိုက်မှုပျက်ခဲ့ရတာဖြစ်တယ်လို့ ဗိုလ်နောင်လေးက ပြောပါတယ်။

“မစ်ရှင်လုပ်ဖို့ အဖွဲ့အစည်းနဲ့ ဆယ်လီကြီးတွေစီတင်ပြပါတယ်။ နည်းပညာ ပေးနိုင်တယ်ပြောတော့လဲ ဘယ်အဖွဲ့အစည်းကမှ လာရောက်ဆက်သွယ်ခြင်းမရှိခဲ့ပါဘူး။ ထုတ်လုပ်မှုလည်း မကမ်းလှမ်းခဲ့ပါဘူး နောက်ပြီး အလှူငွေကောက်ခံတော့လဲမရရှိပါဘူး။ ကြံရာမရလို့ ဒီခြံရောင်းပြီး ထုတ်လုပ်ခဲ့တာပါ ။ ခုလို ဆုံးရှုံးရတာ ကျနော် ရူးမတက်ဖြစ်ရပါတယ် ” လို့ဆိုပါတယ်။

အခုတခေါက်အပါအဝင် တိုက်ခိုက်မှု မစ်ရှင်ပျက်သွားခဲ့တာ ၆ကြိမ်ရှိခဲ့ပြီဖြစ်ကာ အရင်အကြိမ်တွေမှာတော့ ပုလင်းခွံ ဗူးခွံကောက်တဲ့ ပြည်သူတွေထိခိုက်မှာစိုးလို့ ဖျက်လိုက်ရတာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။