မန္တလေးမြို့လယ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဂုဏ်ပြုလှုပ်ရှားမှု (ရုပ်/သံ)

0 5
0 5

မြေလတ်အသံ၊ ဇွန် ၁၉၊ ၂၀၂၅။

မန္တလေးမြို့လယ်ခေါင်က လူစည်ကားရာတနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် ဂုဏ်ပြုတဲ့လှုပ်ရှားမှုကိုပြုလုပ်ခဲ့တယ်လို့ ဒေါက်တာတေဇာဆန်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဇွန် ၁၉ ရက်ဒီကနေ့မှာ ဖြန့်ဝေထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဒီလှုပ်ရှားမှုကို ပြည်သူတွေနဲ့အတူပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပြီး လက်ကမ်းစာရွက်တွေကြဲဖြန့်ကာ တော်လှန်ရေးဆောင်ပုဒ်တွေလည်း ရွတ်ဆိုခဲ့ကြပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။