myaelatt athan

Sharing Information to the Local

စစ်အုပ်စုမော်တော်ဘုတ် တိုက်ခိုက်ခံရလို့ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၄၊ ၂၀၂၂။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာကို စစ်ကြောင်းထိုးဖို့ဆင်းလာခဲ့တဲ့ စစ်ကောင်စီမော်တော်ဘုတ်တစီး ဒီဇင်ဘာလ ၂၃ ရက်မနေ့ကမနက် ၁၁ နာရီဝန်းကျင်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီမော်တော်ဘုတ်ပေါ်မှာ စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင် လိုက်ပါလာပြီး မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စိန်ပန်းကုန်းကျေးရွာဘက်ကို ဆင်းလာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ SKY HERO -Madaya မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့တပ်ဖွဲ့တွေက အဲဒီမော်တော်ဘုတ်ကို ဗုံးသုံးလုံးနဲ့တိုက်ခိုက်တာ။ အဲဒီမှာတလုံးက မကွဲလိုက်ဘူး။ နောက်တလုံးကလည်း ပစ်မှတ်ကို လွှဲသွားတယ်။ နောက်ဆုံးတလုံးကပဲ ဘုတ်ရဲ့ ညာဖက်ဘောင်ကို ထိသွားတာပါ။ အဲဒါကြောင့် တယောက်သေပြီးတော့ ငါးယောက်ပဲ ဒဏ်ရာပြင်းထန်ရသွားတာပါ”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့မော်တော်ဘုတ် ဒီလိုတိုက်ခိုက်ခံရပြီးနောက် ဘုတ်ပေါ်မှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ အကြိမ်ရေ ၂၀ ထက်မနည်း ယမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

“စစ်ကောင်စီတွေက ညနေပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ယမ်းသမ်းပစ်ခတ်ခဲ့တယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ပစ်ခတ်နေတယ်။ မနေ့က တိုက်ခိုက်မှုမှာတော့ ကျနော်တို့ဖက်က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကိုတော့ ကာကွယ်ရေးတပ်ဖွဲ့ ငါးဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ” လို့ ဆိုပါတယ်။

စစ်ကောင်စီမော်တော်ဘုတ်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ကတော့ Unicorn Guerrilla Force၊ A B R F – Madaya၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာ)၊ SKY HERO – Madaya၊ A D R F – တော်လှန်ရေးအင်အားစု တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်မှာလည်း SKY HERO – Madaya အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ ၄ ဖွဲ့က မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။