myaelatt athan

Sharing Information to the Local

စစ်ဘေးရှောင်ကလေးများ ပညာရေးရှေ့ဆက်ရန် ကျောင်းအသုံးဆောင်ပစ္စည်းများ လိုအပ်နေ

0
0

မြေလတ်အသံ၊ အောက်တိုဘာ ၁၅၊ ၂၀၂၂။

ကယားပြည်နယ်(ကရင်နီ) မှာ စစ်ဘေးရှောင်ရင်းခက်ခဲစွာပညာသင်ကြားနေရတဲ့ ကလေးငယ်များအတွက်ကျောင်းဆောင်များ၊ စာအုပ်များ၊ စာရေးကိရိယာများ နဲ့ ကျန်းမာရေးအတွက်ဆေးဝါများလိုအပ်နေတယ်လို့သိရပါတယ်။

အဲဒီကျောင်းမှာ KG ကနေ တက္ကသိုလ်ဝင်တန်းအထိရှိပြီး ကျောင်းသားဦးရေမှာ ၃ သောင်းကျော်ရှိကာဆရာ၊ ဆရာမဦးရေမှာတော့ ၂ ထောင်ကျော်ရှိတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂအဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

“ကလေးတွေကစာအုပ်တအုပ်ကို လူသုံးယောက်ကြည့်ရတယ်။ အဲဒါတောင်မလောက်ဘူးမိုးကာတဲလေးတွေနဲ့စာသင်ရတယ် မိုးမလုံလေမလုံ နေပူတဲ့အခါလည်းအရမ်းပူလွန်းတယ်။ ဘယ်လိုမှမခံနိုင်ဘူး မိုးရွာတော့မိုးတွေယိုတယ် နေစရာနေရာတောင်မရှိဘူး ဒါပေမဲ့ကျွန်မတို့တွေရအောင်သင်တယ် ကျွန်မတို့တွေလစာမရဘူး ကျွန်မတို့ရည်ရွယ်ချက် တိုင်းရင်းသားစစ်ရှောင်ကလေးတွေကို လည်းသူများတွေနည်းတူပညာသင်စေချင်တယ် ” လို့ သူကပြောပါတယ်။

လက်ရှိမှာ ကယားပြည်နယ်လုံးဆိုင်ရာ ဒေသခံစစ်ဘေးရှောင်ကလေးများ ပညာသင်ကြားရေးအတွက်အောက်တိုဘာ ၁ ရက်နေ့ကစပြီး “ရင်သွေးငယ်တို့ပညာရေးမိဘပြည်သူဝိုင်းကူပေး” စတဲ့ကမ်ပိန်းကိုလုပ်ဆောင်ခဲ့သည်မှာလဝက်ခန့်ရှိပြီးဖြစ်သော်လည်း ယနေ့ချိန်ထိက ၂၀ ရာခိုင်နှုန်းသာရသေးတယ်လို့ ဆိုပါတယ်။

ယခုလိုတိုင်းရင်းသားစစ်ဘေးရှောင်ကလေးတွေကို ပညာသင်ကြားပေးဖို့အတွက် ကယားပြည်နယ် (ကရင်နီ) လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂများက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၂၁ ခုနှစ်မှာစတင်ဆွေးနွေးခဲ့ပြီး နိုဝင်ဘာလကစတင် အကောင်အထည်ဖော်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။