ချောင်းဦးမှာ စစ်ရှောင်တဲနဲ့နေအိမ်တွေ မီးရှို့ခံရ

ချောင်းဦး၊ မေ ၃၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးရှိ ဆယ်လေးတောထဲက စစ်ရှောင်တဲ၊ နေအိမ်တွေနဲ့ ကြက်ခြံတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ငါးယှန်ရွာမှာအထိုင်ချတပ်စွဲထားတဲ့ အင်အား ၁၀၀ ပါစစ်ကောင်စီစစ်ကြောင်းက မေ ၃၀ ရက် မနက် ၈ နာရီလောက်မှာ မီးဝင်ရှို့တာလို့ ဆိုပါတယ်။

“စစ်တပ်က ရွာအနောက်ဖျားက ဆယ်လေးတောမှာရှိတဲ့ နေအိမ် ၄ လုံး၊ စစ်ရှောင်တဲ ၂ လုံးနဲ့ ကြက်ခြံကို မီးရှို့သွားတာ၊ ကြက်ခြံကတော့ သိန်း ၅၀၀ လောက်ဆုံးရှုံးတယ်၊ စစ်ကြောင်းလာတော့ ထွက်ပြေးရတာ၊ သေနတ်တွေနဲ့ပစ်ပြီး လက်နက်ကြီးတွေနဲ့ထုတာ၊ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး၊” လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီနေရာဟာ ငါးယှန်ရွာနဲ့ ၁ မိုင်သာသာကွာဝေးပြီး ခုလိုစစ်ကောင်စီတပ်တွေကမီးရှိ့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ကုန်ကြရတယ်လို့ သူကဆက်ပြောပါတယ်။

“အခုနေရတဲ့နေရာက ငါးယှန်ရွာနဲ့က ၁ မိုင်သာသာဝေးတယ်၊ ဆယ်လေးတောလို့ ခေါ်တယ်၊ မီးရှို့သွားတော့ အခုနေရာကနေ အကုန်ရွှေ့လိုက်ကြပြီ၊ မနေရဲကြတော့ဘူး၊ တဲပေါင်းကတော့ အတော်များတယ်၊ စစ်ရှောင်တဲကတော့ ၁၀၀ ကျော်လောက်ရှိပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေအနေနဲ့ နေထိုင်စားသောက်ရေးအခက်ကြုံနေရပြီး ရေသုံးစွဲဖို့အတွက်လည်း အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၁,၂၀၀ ရှိပြီး လူဦးရေ ၁ သောင်းကျော်ရှိတဲ့ ငါးယှန်ရွာမှာ အာဏာသိမ်းစကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့အတွက် အဲ့ဒီအချိန်ကတည်းက ဒေသခံတွေဟာ ရွာကနေစစ်ရှောင်နေကြရတာလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ မီးရှို့သွားတဲ့စစ်ကြောင်းက ငါးယှန်ရွာဘက်ကိုပြန်သွားကြပြီလို့ သိရပါတယ်။

ငါးယှန်ရွာအနီး မုံရွာ-မန္တလေးလမ်းဘေးမှာလည်း စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက ဂိတ်ချပြီး စစ်ဆေးရေးတွေတင်းတင်းကျပ်ကျပ်လုပ်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်ကလည်း ချောင်းဦးမြို့နယ် ငယှန်ကျေးရွာနဲ့ သန်းပင်ကန်ရွာတို့ကို ဘုန်းကြီးဝါသဝလက်အောက်ခံပျူစောထီးတွေက လက်နက်ကြီးနဲ့ပစ်ခတ်လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း- လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။