နားကပ်ထက် သေနတ်က အရေးကြီးပါတယ် (Photo News )

0 1
0 1

မကွေး၊ ဇွန် ၁၀၊ ၂၀၂၂။

မကွေးတိုင်း မြိုင်မြို့နယ်မှာ ဒီကနေ့ ညနေပြုလုပ်တဲ့ ညနေဆည်းဆာ သပိတ်စစ်ကြောင်းကို လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးတဲ့ PDF အဖွဲ့ကို သပိတ်မှာပါဝင်တဲ့ ပြည်သူတွေက နားကပ်တွေ နားကွင်းတွေ ချွတ်ပြီး လှူဒါန်းခဲ့ကြပါတယ်။

မြိုင်မြို့နယ်က ကျေးရွာတခုမှာ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်ကို မြိုင်PDF တဖွဲ့ဖြစ်တဲ့ MVRF က လုံခြုံရေးအနေနဲ့ တပ်ဦးကနေ လိုက်ပါခဲ့ကြပြီး ဆန္ဒထုန်ဖော်ခဲ့ကြတယ်လို့ ပြောပါတယ်။

” ပြည်သူတွေက နားကပ်ထက်သေနတ်က အရေးကြီးတယ်လို့ သူတို့ခံယူလို့ လှူဒါန်းတယ်လို့ကျနော်မြင်တယ်၊ ပြည်သူတွေကမိမိတိုအထွဋ်အမြတ်ထားတဲ့ နားကွင်းတွေ နားကပ်တွေကိုတောင်မှ ချွတ်ပြီးတော့လှူတယ်ဆိုတာဟာ ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် အင်မတန်မှ အားတတ်ရပါတယ်၊ကျနော်တို့ပြည်သူ့ကာကွယ်ရေးလုပ်တဲ့လုပ်ငန်းတွေမှာ အကျိုးရှိမဲ့နေရာမှာ သုံးသွားမှာပါ” လို့ MVRF ဥက္ကဌ ဦးအောင်ဇေယျကပြောပါတယ်။

ပြည်သူ အင်အား ၁၀၀ နီးပါးပါဝင်တဲ့ သပိတ်စစ်ကြောင်းကနေ ငွေသား ၆သိန်းနဲ့ နားကွင်း နားကပ် ၂၁ရံတို့ကို တော်လှန်ရေးအတွက် အထောက်အပံ့အဖြစ် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။