myaelatt athan

Sharing Information to the Local

ကျောက်ထု အမြောက်တပ်မှာ ပဌာန်းရွတ်ပြီး PDF ရန်ကို ကာကွယ်နေ

0
0

မကွေး၊‌ မတ် ၂၉၊ ၂၀၂၂။

မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုမြို့မှာ ရှိတဲ့ အမြောက်တပ်ကို PDF က ဝင်တိုက်မယ်ဆိုတဲ့ သတင်း တပ်တွင်းပြန့်နှံ့နေပြီး အဲ့ဒီအချိန်က စလို့ အမြောက်တပ်အတွင်းမှာ မနက်ရောညပါ ပဌာန်းရွတ်နေကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၇ရက်က စပြီး မနက်စောစောနဲ့ ညပိုင်းတွေမှာ ရွတ်ဖတ်သံတွေကြားရပြီး ဒီနေ့အထိ ရွတ်ဖတ်နေကြဆဲ ဖြစ်တယ်လို့ အဲ့ဒီဒေသခံတဦးက ပြောပါတယ်။

” သူတို့ နေ့ရောညရော ပဌာန်းတွေရွတ်တယ်၊ တူးထားတဲ့ ကျင်းတွေထဲမှာ အမြဲတမ်းကင်းစောင့်တယ်၊ ပတ်ပတ်လည်မှာလည်း ကျင်းတွေတူးထားတာရှိတယ် ၊ ကျင်းတွေထဲမှာ အချိန်ပြည့်ကင်းစောင့်ပြီးတော့ PDF ကလာတိုက်မယ်ဆိုတဲ့ သတင်းမှားရပြီး သူတို့ဘက်က အမြဲတမ်း အဆင်သင့်ဆိုတဲ့ ပုံစံမျိုး” လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်က ကျောက်ထုအမြောက်တပ်ကို PDF က လက်နက်ကြီးနဲ့ ၃ချက် စမ်းသပ်ပစ်ခတ်ခံခဲ့ရဖူးတဲ့ နေရာဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။