myaelatt athan

Sharing Information to the Local

ငလျင်ဒဏ်ကြောင့်ပိတ်ထားတဲ့အရက်ဘား မီးလောင်ပြီး အမျိုးသမီး ၄ ဦးသေဆုံး

0
0

မန္တလေး၊ မေ ၂၈၊ ၂၀၂၅။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား ရှိ Cow Boy အရက်ဘား မီးလောင်ပြီး အမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

မေ ၂၈ ရက် ဒီမနက် ၁၀ နာရီဝန်းကျင်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ဘယ်ကနေမီးစတင်လောင်တယ်ဆို တာကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမီးလောင်မှုအတွင်း ဆိုင်ဝန်ထမ်းအမျိုးသမီး ၄ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

“Bar ဆိုတော့ အလုံပိတ်ကိုအလှဆင်ထားတာတွေလည်းရှိတော့လောင်အားပို ကောင်းတာထင်တယ်။ (သေတာက) ဝန်ထမ်းလေးတွေလို့သိရတယ်။”လို့ မြို့ခံအမျိုးသမီးတဦး ကပြောပါတယ်။

အဲ့ဒီအရက်ဘားဟာ ငလျင်ဒဏ်ကြောင့် အဆောက်အဦးပျက်စီးထားတဲ့အတွက် ပြုပြင်တာတွေလုပ်ပြီး ပိတ်ထားတဲ့ ဘားတခုဖြစ်တယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။