ပေါက်မြို့နယ်က စစ်ရှောင်တွေကို ကျပ်သိန်း ၁,၅၀၀ ကျော်ထောက်ပံ့

0 1
0 1

ပေါက်၊ မေ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ရွာ ၂ ရွာက စစ်ရှောင်အိမ်ထောင်စု ၃၇၅ စုကို မေ ၂၆ ရက်နဲ့ ၂၇ ရက်မှာ ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ပေါက်မြို့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနဆီက သိရပါတယ်။

မေ ၂၆ ရက်မှာ ဖိုးဖြူးလုံးကန်ကျေးရွာက အိမ်ထောင်စု ၂၃၀ ကိုတကြိမ်၊ မေ ၂၇ ရက်မှာ အိုင့်ကိုင်း ကျေးရွာက အိမ်ထောင်စု ၁၄၅ စုကိုတကြိမ် တအိမ်ထောင်ကို ငွေကျပ် ၄ သိန်း ၁ သောင်း ၅ ထောင်နှုန်းနဲ့ စုစုပေါင်းသိန်း ၁,၅၀၀ ကျော်ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ မိုးအဆက်မပျက် ရွာသွန်းနေတဲ့ကြားထဲက လမ်းလျှောက်လိုက် ဆိုင်ကယ်စီးလိုက် စက်လှေစီးလိုက်နဲ့ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကြားထဲကသွားရောက်ခဲ့ရတာပါ”လို့ သူက ဆက်ပြောပါတယ်။

ဖိုးဖြူးလုံးကန်ကျေးရွာက ဒေသခံတွေဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စတင်စစ်ရှောင်နေရတာဖြစ်ပြီး အိုင့်ကိုင်းရွာက ဒေသခံတွေကတော့ ၂၀၂၃ ခုနှစ်အတွင်းကတည်းက စစ်ရှောင်နေကြရတာလို့ ပေါက်မြို့လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါကျေးရွာ ၂ ရွာက စုစုပေါင်းလူဦးရေ ၁,၆၀၀ ကျော်စစ်ရှောင်နေကြရတာဖြစ်ပြီး မြို့နယ်အတွင်းကအလှူရှင်တွေရဲ့လှူဒါန်းထောက်ပံ့မှုနဲ့ ရပ်တည်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။