myaelatt athan

Sharing Information to the Local

တောင်တွင်းကြီးက အမှုပွဲစားဆိုသူ သေနတ်ပစ်ခံရပြီးသေဆုံး

တောင်တွင်းကြီး၊ မေ ၂၂၊ ၂၀၂၅။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ဂွေးတောက်ခုန်ကျေးရွာက အမှုပွဲစား ဆိုသူ အမျိုးသား ၁ ဦးကို ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ Magway Guerrilla Warfare မကွေးပြောက်ကျားတပ်ဆီက သိရပါတယ်။

ပစ်ခတ်ခံရသူဟာ အသက် ၅၀ နှစ်အရွယ် ရဲခိုင် ဆိုသူဖြစ်ပြီး မေ ၂၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရဲခိုင်က ရပ်ရွာတွေမှာအမှုတွေရှိခဲ့ရင် ရဲစခန်းနဲ့ပေါင်းပြီး ရတဲ့အကျိုးအမြတ်ကို ရဲစခန်းနဲ့‌ ပေါင်းစားတဲ့အပြင် အုပ်ချုပ်ရေးမှူးပျံလွှားနဲ့ပေါင်းပြီး စစ်မှုထမ်းကြေးတွေကောက်တဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာ” လို့ Magway Guerrilla Warfare မကွေးပြောက်ကျားတပ်တာဝန်ခံ ကိုကံကြီးမောင်က ပြောပါတယ်။

ကိုရဲခိုင်ရဲ့ လက်မောင်း၊ ပေါင်နဲ့ ဦးခေါင်းတို့ကို ၄ ချက်ပစ်ခတ်ခဲ့ပြီးနောက် ဖုန်း ၂ လုံးကို သိမ်းဆည်းခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

“ပရပ်ကြယ်ရဲစခန်းကရဲတွေက ဂွေးတောက်ခုန်ကျေးရွာက သေဆုံးသူနေအိမ်ကိုလာပြီး အလောင်းကို ပရပ်ကြယ်တိုက်နယ်ဆေးရုံကိုသယ် စစ်ဆေးချက်တွေယူပြီး ပြန်သွားကြတယ်”လို့ ကိုကံကြီးမောင်က ပြောပါတယ်။

ဒီပစ်ခတ်မှုကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်၊ Taungdwingyi Fighter Force (LPDF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်တိုက်နယ်၊ ညာတောအုပ်စု ညာတောကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းကို Magway Guerrilla Warfare မကွေးပြောက်ကျားတပ်က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။