အလဲထိုးပြီး ဝမ်းချန်ပီယံရှစ်မှာ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့တဲ့ ဘရော်နီကာ (အားကစားသတင်း)

0 4
0 4

မြေလတ်အသံ၊ မေ ၉၊ ၂၀၂၅။

ယနေ့ည ယှဉ်ပြိုင်ခဲ့တဲ့ ONE Friday Fights 107 အက်တမ်ဝိတ်မွေ့ထိုင်းပွဲစဉ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ် ဂျူနီယာကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပထမအချီ ပွဲအစကတည်းက ဘရော်နီကာ အနေနဲ့ ပွဲကိုအသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပြီး ပြိုင်ဘက် ဂျူနီယာတယောက် သေချာပြန်လည်ထိုးသတ်ခွင့်ပါမရရှိခဲ့ဘဲ နှစ်ကြိမ် အမှတ်စဉ်ရေတွက်ခံခဲ့ရပါတယ်။

ဒုတိယအချီမှာတော့ သက်လုံကျနေပြီဖြစ်တဲ့ ဂျူနီယာကို ဘရော်နီကာကပဲ ဆက်လက် အသာစီးထိုးသတ်ခဲ့ပြီး ဒုတိယအချီ ၁ မိနစ် ၉ စက္ကန့်မှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

ဒီပွဲဟာ ဘရော်နီကာအတွက် One Championship နဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး ပထမပွဲစဉ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီဖြစ်သလို One Championship က ပေးအပ်တဲ့ ဆုကြေး ဘတ် ၃၅၀,၀၀၀ ကိုလည်း ရရှိခဲ့ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။