myaelatt athan

Sharing Information to the Local

ပြည်နဲ့ပေါင်းတည်ထောင်က ပြန်လွတ်လာသူ ၁၀၁ ဦးမှာ နိုင်ကျဥ်း ၁၁ ဦးသာပါဝင်

0
0

ပြည်၊ ဧပြီ ၁၇၊ ၂၀၂၅။

စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသားတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက် ဒီနေ့မှာပြန်လွှတ်ပေးခဲ့ရာ ပြည်နှင့်ပေါင်းတည်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးသာ ပြန်လွှတ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

ပြည်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၉ ဦးနဲ့ ပေါင်းတည်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တယ်လို့ ပြောပါတယ်။

ပြည်ထောင်က ၉ ဦးတွင် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးပါဝင်ပြီး ပေါင်းတည်ထောင်ကတော့ အမျိုးသား ၂ ဦးပြန်လွှတ်ခဲ့တာပါ။

“နိုင်ကျဉ်းတွေက လွတ်ခါနီး ၆ လအောက်တွေပြန်လွှတ်တာပါ။ ၅၀၅ နဲ့ အဓမ္မဖမ်းခံရသူတွေပါ။ ဒါတောင် မကျေမနပ်နဲ့ပြန်လွှတ်တာ” လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူအမျိုးသမီးတဦးက ပြောပါတယ်။

ပြည်ထောင်က ပြန်လွှတ်သူတွေထဲမှာ အခြားအမှုတွေအပါ စုစုပေါင်း ၇၀ ဦးနဲ့ ပေါင်းတည် ထောင်က အခြားအမှုအပါ စုစုပေါင်းပြန်လွှတ်သူ ၃၁ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲက အကျဉ်းသား ၄,၈၉၃ ဦးကို ဒီကနေ့မှာ ပြန်လွှတ်ခဲ့တာဖြစ်ပေမယ့် နောက်တကြိမ်ကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ပုံစာ – ပေါင်းတည်အကျည်းထောင်ပုံ(ပုံဟောင်း)

သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။