⁨⁩ ⁨စစ်တပ်စစ်ကြောင်းက နေအိမ်ကြီး ၁၈ လုံးကိုမီးရှို့ပြီး လျှပ်စစ်ထရန်စဖော်မာ ၁ လုံးကိုဖြုတ်ယူ

0 2
0 2

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၅၊ ၂၀၂၆။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ သီးကုန်းရွာက နေအိမ်ကြီး ၁၈ လုံးကို စစ်တပ်စစ်ကြောင်းကမီးရှို့ပြီး ပုပ္ပါးတောင်ခြေရှိ သုံးအိမ်ကုန်းရွာက လျှပ်စစ်ထရန်စဖော်မာ ၁ လုံးကိုလည်း ဖြုတ်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၅ ရက် ဒီမနက်ပိုင်းမှာ အိမ်ကြီးအိမ်ကောင်းတွေကိုအဓိကထား ဖြုတ်ယူသွားတဲ့ လျှပ်စစ်ထရန်စဖော်မာကလည်း ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သုံးအိမ်ကုန်းရွာလယ်က လျှပ်စစ်ထရန်စဖော်မာကို ဖြုတ်ယူသွားတယ်။ အမေစုလက်ထက်က ပြည်သူတွေစုဝယ်ထားတာ သိန်း ၄၀၀ လောက်ရှိတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

မီးရှို့ခဲ့ကြတာဖြစ်ပြီး မီးရှို့အပြီး အဲဒီစစ်ကြောင်းဟာ ဒီးဒုတ်ကုန်းရွာကတဆင့် လေးပင်ရွာကို ရောက်ရှိနေတယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်က သတင်းထုတ်ပြန်ထားပါတယ်။

ပုပ္ပါးတောင်ခြေက ကျေးရွာတွေကို မီးရှို့တာနဲ့ပတ်သက်ပြီး “ပုပ္ပါးတောင်မှာလုပ်မယ့် အဘဘိုးမင်းခေါင်ထွက်ပွဲကို စစ်တပ်ကအကောင်ကြီးတွေ ကတော်တွေလာမယ်လို့ သတင်းကြားတယ်။ အဲ့ဒါကြောင့် တောင်ခြေတွေမှာ မနေနိုင်အောင်လုပ်နေတာဖြစ်နိုင်တယ်” လို့ ကျောက်ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။

ဘိုမင်းခေါင်ထွက်ပွဲကို နှစ်စဉ်တော်သလင်းလပြည့်ကျော် ၂ ရက်မှာ ကျင်းပလေ့ရှိတာဖြစ်တယ်လို့ ပုပ္ပါးတောင်ခြေရှိ ဒေသခံတွေဆီက သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။