မြင်းခြံမှာ ပျူစောထီးရိက္ခာပို့ကား တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

0 10
0 10

မြင်းခြံ၊ မေ ၂၆၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-တောင်သာသွားလမ်း ကုလားတန်ကွေ့အနီးမှာ မြင်းခြံပျူစောထီးအဖွဲ့ရဲ့ရိက္ခာပို့ကား တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

မေ ၂၄ ရက်မနက် ၁၀ နာရီခန့်မှာ မြင်းခြံဘက်ကနေ နန်းမြင့်တောင်ကြား ပျူစောထီးစခန်းဘက်ကို အင်အား ၁၀ ဦးကျော်ကား ၂ စီးနဲ့ ရိက္ခာပို့ထွက်လာတဲ့အဖွဲ့ကို ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ကားက ၂ စီးလာတာ။ ၁ စီးပျက်စီးသွားပြီးတော့ ၁ စီးကပြန်ပြေးသွားတယ်။ အလောင်းလက်နက်တွေရတာရှိတယ်။ အဲဒါဖြစ်ပြီးတော့ ဒီမနက် စစ်ကြောင်းထွက်လာတယ်လို့တော့ သိရတယ်။ ဘယ်ကိုဦးတည်နေတယ်ဆိုတာ သတင်းမရသေးဘူး”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ ဗွီဂိုကားနဲ့ စူပါကာစတန်ကားတို့မှာ စူပါကာစတန်ကားကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီကားပေါ်ပါ ပျုုစောထီး ၅ ဦးသေဆုံးကာ သေနတ် ၄ လက်ကိုလည်းသိမ်းဆည်းရရှိကာ ကားကတော့ပြန်သုံးလို့မရတာကြောင့် စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး အသေးစိတ်ကိုတော့ ထပ်မံသတင်းထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့နဲ့ဆုံရွာကျေးရွာကြားမှာ ရိက္ခာသယ်ပြန်လာတဲ့ စစ်ကော်မရှင်အဖွဲ့တိုက်ခိုက်ခံရပြီး ၆ ဦးသေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။