ပေါက်နယ်က စစ်ဘေးရှောင်တွေကို NUG က ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး

0 1
0 1

ပဲခူး၊ ဇွန် ၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်တွေကို NUG အစိုးရရဲ့ ကျန်းမားရေးဝန်ထမ်းတွေက ဇွန်လ ၁ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကျေးရွာ ၉ ရွာက ဒေသခံ ပြည်သူ ၄,၀၀၀ ကျော်ရဲ့ ကျန်းမာရေးအတွက် CDM ဆရာဝန်တွေနဲ့အတူ ကျေးလက်ကျန်းမာရေးသူနာပြုတွေက စုပေါင်းပြီး အခမဲ့ဆေးဝါးကုသပေးမှုတွေ လိုက်လံဆောင်ရွက်ပေးနေတာဖြစ်တယ်လို့ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အခြေစိုက်တဲ့ Successful Force – Pauk က တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ရှောင်နေရင်း ဖျားတာ၊ ချောင်းဆိုးတာ၊ ခေါင်းမူး၊ ခေါင်းကိုက်နဲ့ အခြားရောဂါတွေကို အခမဲ့ကုသပေးခဲ့ပါတယ်။ စစ်ရှောင်တွေရှိတဲ့နေရာတွေဘက်ကို သွားပြီး လိုက်လံကုသပေးတာပါ။ အခုလို သွားရောက်ကုသပေး တာ ၃ ကြိမ်ရှိပြီ”လို့ သူက ဆိုပါတယ်။

ဆေးဝါးလုံလောက်မှုနဲ့ အလှူငွေရရှိမှုပေါ်မှုတည်ပြီး ဒေသတွင်းက စစ်ဘေးရှောင်စခန်းတွေကိုသွားကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတာဖြစ်ပြီး ဆေးဝါးလိုအပ်ချက်အနေနဲ့ကတော့ လိုအပ်ချက်တွေ ရှိနေသးတယ်လို့ သူက ဆက်ပြောပါတယ်။

ဇွန်လ ၂ ရက် မနေ့ကလည်း ပေါက်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကို စေတနာရှင်မိသားစုက မနက်စာနဲ့ နေ့လယ်စာ ကျွေးမွေးခဲ့ပါသေးတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။