ဆိုင်ကယ်စီးလာချိန် ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ မေ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့အထွက် မြင်းမူ – မုံရွာသွားလမ်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်စီးလာချိန် ပေါက်ကွဲမှုဖြစ်ရာ ၂ ဦးစလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ငါးကင်းကျေးရွာက အသက် ၄၀ နှစ်အရွယ် ဦးအေးကိုနဲ့ ဦးစိုးဝင်း တို့ဖြစ်ပြီး၊ မေလ ၂၉ ရက် နေ့လယ် ၂ နာရီခန့်က မြင်းမူမြို့ထဲကနေ မုံရွာဘက်အထွက် သုသာန်အနီးအရောက်မှာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တာပါ။

“မြင်းမူမြို့ကို ရွာကနေတက် ဆေးဝယ်ပြီး မြို့ထဲလျှောက်သွားချိန် သူတို့ဖြစ်တဲ့နေရာရောက်တော့ လမ်းဘေးထောင်ထားတဲ့ မိုင်းကနေ ထကွဲပြီး နှစ်ယောက်စလုံး သေသွားတာ။ သူတို့က သာမန်အရပ်သားတွေဖြစ်တယ်”လို့ Black Egal Defence force MMU တာဝန်ရှိသူက ပြောပါတယ်။

လမ်းဘေးမှာ ထောင်ထားတဲ့မိုင်းကနေ ပေါက်ကွဲမှုဖြစ်တာလို့ ပြောဆိုနေကြသလို၊ တချို့ကလည်း မိုင်းပေါက်ကွဲတာ မဟုတ်ဘဲ အဆိုပါအမျိုးသား ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ဘောက်ထဲကနေ အပူလွန်ပြီး ပေါက်ကွဲတာလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဘယ်ကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ကြလဲဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

သေဆုံးသူတွေရဲ့ အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မြင်းမူဆေးရုံ ရင်ခွဲတိုက်ထဲ ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။