ပခုက္ကူမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရလို့ ၆ဦးထိခိုက်ဒဏ်ရာရ

0 4
0 4

မကွေး၊ မေ ၁၃၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းနဲ့ ရိက္ခာကား ကန်တော်ရွာနဲ့ ညောင်လေးပင်ရွာကြား မိုင်းဆွဲခံရလို့ ထိခိုက်ဒဏ်ရာရသူ ၆ ဦး ရှိတယ်လို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF အဖွဲ့ဆီက သိရပါတယ်။

မေလ ၁၂ရက် နေ့လယ် ၁၂နာရီမှာ ပခုက္ကူကနေ ပေါက်မြို့နယ်ဘက်ကိုသွားတဲ့ Alphad ၂ စီး၊ ဖောကား ၂ စီးကို မိုင်းဆွဲခဲ့ပြီး ဒုတိယအကြိမ်အနေနဲ့ ညနေ ၃နာရီမှာ ရေပြာကနေ ပခုက္ကူဘက်ကိုပြန်လာတဲ့ ရိက္ခာကား ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PPDF ရဲဘော်တဦးက ပြောပါတယ်။

“ပထမက ဖောကားနဲ့ ခွေးတွေပါလာတယ်ပေါ့နော်။ နောက်တခေါက်က ရိက္ခာကား။ ပထမတခေါက်က လူရော ကားရောထိတာပဲ။ နောက်တခေါက်ဆွဲတာ ကားထိတယ်။ ထိခိုက်တာက ၆ယောက်ပဲ၊ သေဆုံးကတော့ စုံစမ်းဆဲပဲ” လို့ ပြောပါတယ်။

ပထမအကြိမ် အင်အား ၇၀ ဝန်းကျင်ပါတဲ့ ကား ၄စီးကို မိုင်းဆွဲချိန်မှာ စစ်သား ၆ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ရိက္ခာပို့ပြီးပြန်လာတဲ့ ကား ၆စီး မိုင်းဆွဲခံရချိန်မှာ လူထိခိုက်မှုမရှိဘဲ ကား ၂စီး ပျက်စီးတယ်လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို ပေပါမိုင်း အမျိုးအစားနဲ့ ရိုးရိုးမိုင်း ၂လုံးသုံးကာ တိုက်ခိုက်ခဲ့ပြီး အဲဒီယာဉ်တန်းတွေကို တိုက်ခိုက်ဖို့အတွက် အချိန် ၅ ရက်ဝန်းကျင်ကြာ ပြင်ဆင်ခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၉ ရက်နေ့ကလည်း ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မြိုင်မြို့နယ် Well-2 ရေနံမြေအခြေပြု စစ်ကောင်စီစခန်းကို ဒေသတွင်း PDF အဖွဲ့တွေနဲ့ပေါင်းကာ တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း- ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။