တောင်တွင်းကြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသမီး ၂ ဦးဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်နေ

0 0
0 0

မကွေး၊ မေ ၁၃၊ ၂၀၂၃။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကို(ခ)အောင်အောင်၊ ဒေါ်အေးအေးလင်း နဲ့ မအင်ကြင်းညိုတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။

ဦးအောင်ကိုကို ကို မေလ ၉ ရက် ညနေ ၆နာရီခန့်က ရန်ကုန်တိုင်း၊ ထောက်ကြန့်စစ်သင်္ချိုင်းအနီး အဝေးပြေးကားပေါ်မှာ ဖမ်းဆီးခံလိုက်ရပြီး စုံစမ်းလို့မရတော့ဘူးလို့ ဦးအောင်ကိုကိုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်ဖမ်းဆီးခံရပြီး ရန်ကုန်က အမျိုးတော်စပ်တဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးပါတယ်။ အင်းစိန်မြို့မရဲစခန်းကို သွားရောက်စုံစမ်းတော့လည်း သူတို့ဆီမှာမရှိလို့ သူတို့လည်းမသိဘူး၊ နောက်တပတ်လောက်နေရင်တော့ သိနိုင်တယ်လို့ အဲဒီစခန်း တာဝန်ရှိသူတဦးက ပြန်ပြောလိုက်တယ်” လို့ ဆိုပါတယ်။

ဦးအောင်ကိုကို ကိုဖမ်းဆီးပြီးနောက် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးတော်စပ်သူ ဒေါ်အေးအေးလင်းနဲ့ တူမဖြစ်သူ မအင်ကြင်းညို တို့ကို အဲဒီနေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တောင်တွင်းကြီးမြို့နယ်၊ တိုင်းဒေသကြီးအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်(ခ)ဦးလှိုင်ကိုလည်း စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဒေါင်းနေထောင်ကိုပို့ဆောင်ကာ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

အဲဒီနောက် ဦးဝင်းမြင့်လှိုင်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပါအဝင် အမှု ၅ မှုအတွက် ထောင်ဒဏ် ၂၅ နှစ်၊ အောက်တိုဘာလ ၃၁ ရက်မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ ပုဒ်မ ၅၁ (ဂ)၊ ပုဒ်မ ၅၂ (က)၊ ပုဒ်မ (၅၄) စတဲ့ပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ အမှု ၁၄ ခုအတွက် ထောင်ဒဏ် ၁၄၈ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။