ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများဟုဆို

0 1
0 1

စစ်ကိုင်း၊ မေ ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့၊ ရွှေမုဓော ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်လို့ ၃ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ Myingyan District Drone Strike Team အဖွဲ့ဆီက သိရပါတယ်။

အင်အား ၁၀၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီနေရာကို မေလ ၃ ရက်ညနေပိုင်းနဲ့ မေလ ၄ ရက် နေ့လည် ၁ နာရီကျော်ခန်မှာ တကြိမ်ကို ဗုံးသီး ၄ လုံးနဲ့ ၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Drone Strike Team တာဝန်ရှိသူက ပြောပါတယ်။

“ချသမျှ ဗုံးသီးတွေကတော့ ကျကွဲပါတယ်။ ပထမတကြိမ် ဗုံးချတဲ့အကြိမ်မှာ စကစဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို မြေပြင်သတင်းပေးပို့ချက်တွေအရ ပြန်သိရတယ်။ နောက်တနေ့ နေ့လည်လောက်မှာ ဖြစ်တဲ့ဟာကျတော့ ထိခိုက်သေဆုံး ထပ်မသိရဘူး။ မြေပြင်နဲ့ အဆက်အသွယ် မရသေးလို့ပါ” လို့ ပြောပါတယ်။

ဒရုန်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်ဆိုပေမယ့် မြေလတ်အသံသတင်းဌာနကတော့ အတည်မပြုနိုင်သေးပါဘူး။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒရုန်းကို လက်နက်ငယ်တွေနဲ့ လိုက်ပစ်တာရှိပေမယ့် ထိခိုက်အပျက်စီးမရှိ ပြန်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Myingyan District Drone Strike Team နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၄၊ 27 revolution force၊ MRDA၊ Myanmar Revolution Army တို့က ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာပါ။

အလားတူ ဧပြီလ ၁၇ ရက်က ဆားလင်းကြီးမြို့နယ်၊ ကျားတက်နယ်မြေရဲစခန်း ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။