မကွေးမှာ မိုင်းထိလို့ အမျိုးသား ၁ ဦး သေဆုံး

0 22
0 22

မကွေး၊ နိုဝင်ဘာ ၁၀၊ ၂၀၂၅။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ရုံးကုန်းကျေးရွာအနီး ရုံးကုန်း-ကွမ်းအုံလမ်းပေါ်မှာ မိုင်းစထိမှန်ပြီး တောင်သူ ၁ ဦး သေဆုံးသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

မိုင်းထိသေဆုံးသူဟာ ကန်ပြားအနောက်ရွာမှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် ဦးနေဦးဆိုသူဖြစ်ပြီး နိုဝင်ဘာ ၈ ရက် မနက် ၈ နာရီခန့်မှာ သူနေထိုင်ရာကျေးရွာကနေ ဥသျှစ်ကုန်းကျေးရွာကို ဆိုင်ကယ်နဲ့အသွား မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

“သူ့မိန်းမနေတဲ့ ဥသျှစ်ကုန်းကိုအသွားဖြစ်တာ။ မိုင်းက ၂ လုံးပွင့်တာ အဲ့မှာထိတာ။ အိမ်ထောင်ကျတာက ဥသျှစ်ကုန်း။ မိုင်းကမြေမြုပ်မိုင်း ၂ လုံးပွင့်တာ။ မိုင်းပေါက်တဲ့နေရာနဲ့ သူထိတဲ့နေရာက ၁၅ ပေ လောက်ကွာမယ်။ သူက မိုင်းကွဲတဲ့နေရာကိုကျော်ပြီးမှ မိုင်းကအနောက်ကထကွဲပြီး အစမှန်တာ”လို့ ရွာခံတဦးကပြောပါတယ်။

မိုင်းထိမှန်တာကြောင့် ဦးနေဦးမှာ ဝမ်းဗိုက်ပွင့်ထွက်သေဆုံးခဲ့ပြီး အလောင်းကိုဒေသခံတွေက မကွေးဆေးရုံကိုပို့ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာတော့ မိသားစုဝင်တွေက ဆေးရုံကနေ နေအိမ်ပြန်သယ်ပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲခဲ့တဲ့ဒေသဟာ စစ်ကော်မရှင်အဖွဲ့ရော၊ ဒေသကာကွယ်ရေးအဖွဲ့တွေပါ လှုပ်ရှားသွားလာနေတဲ့ဒေသဖြစ်တာကြောင့် ဘယ်အဖွဲ့ကထောင်ထားတဲ့မိုင်းလဲဆိုတာတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ရေအိုးစင်ကျေးရွာအနီးမှာ ထင်းခုတ်သွားတဲ့အမျိုးသား ၁ ဦး မိုင်းထိပြီးသေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။