လင်မယား ၂ ဦးလိုက်ပါလာတဲ့ အိမ်စီးကား အမြန်လမ်း လမ်းလယ်ကျွန်းကို တိုက်မိပြီးအမျိုးသမီးဖြစ်သူ သေဆုံး

0 2
0 2

ကျောက်တံခါး၊ ဧပြီ ၁၁၊ ၂၀၂၃။

ရန်ကုန်-မန္တလေးအမြန်လမ်း၊ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းမှာ လင်မယား ၂ ဦးလိုက်ပါလာတဲ့ကား အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို တိုက်မိတာကြောင့် အမျိုးသမီးဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ ရက်နေ့ ဒီကနေ့မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ wish အိမ်စီးကားဟာ အမြန်လမ်းမိုင်တိုင်အမှတ် (၈၉/၀) နဲ့ (၈၉/၁)ကြားအရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“ကားပေါ်မှာက လင်မယား၂ယောက်ပဲ ပါတယ်။ လမ်းလယ်ကျွန်းတိုက်ပြီး နေရာမှာပဲ အမျိုးသမီးက သေဆုံးသွားတယ်။ ကျနော်တို့သိရသလောက် ခါးပတ်မပတ်တာလည်း ပါမယ်ထင်တယ်။ တိုက်တဲ့အရှိန်ကလည်း များတယ်။ ကားခေါင်းနဲ့တည့်တိုက်တဲ့ ပုံစံပဲ” လို့ ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်ပါ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသမီးဖြစ်သူမှာ နေရာမှာသေဆုံးပြီး အမျိုးသားမှာ ဒဏ်ရာပြင်းထန်လို့ မြို့ချောင်းတိုက်နယ်ဆေးရုံကို တင်ပို့ထားရတယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုဖြစ်ပွားခဲ့တဲ့ကားနဲ့ မောင်းနှင်လာတဲ့ လင်မယားဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပ၊ ၁၁ ရပ်ကွက်နေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဧပြီလ ၁၀ ရက် မနေ့ မနက်ပိုင်းမှာလည်း မန္တလေးဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ Honda Civic အမျိုးအစား အိမ်စီးကားဟာ အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နဲ့(၃၂၅/၇)ကြားမှာ လမ်းလယ်ကျွန်း ဝင်တိုက်မိလို့ ကားမီးလောင်ပြီး အမျိုးသား ၃ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။