26 July 2026 5:34 PM

သတင်းပေါက်ကြားလို့ စခန်းမသိမ်းနိုင်ပေမယ့် စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးခဲ့ဟုဆို

0 2
0 2

မကွေး၊ ဧပြီ ၃၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာ နယ်မြေခံရဲစခန်းသိမ်းတိုက်ပွဲမှာ စခန်းရဲ့အဆောက်အဦးတွေကို မီးရှို့နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅ ဦး သေဆုံးခဲ့သလို PDF ဘက်ကလည်း ရဲဘော် ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ရဲအင်အား ၁၀၀ ကျော်ရှိတဲ့ အဲဒီရဲစခန်းကို မတ်လ ၃၁ ရက်မနက်ပိုင်းကစလို့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်းစီဘက်က လေယာဥ်နဲ့ ၇ ကြိမ်အထိ ပစ်ခတ်ခဲ့လို့ အဲဒီနေ့နေ့လည် ၂ နာရီကျော်မှာ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းမှ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစတီဗင်က ပြောပါတယ်။

“ကျနော်တို့ပြန်ဆုတ်လာတဲ့အချိန်မှာ ရဲစခန်းရဲ့ ၇၅ ရာခိုင်နှုန်းအထိ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ သေဆုံးနေတဲ့ စကစအလောင်း ၄၅ လောင်းကို တွေ့ခဲ့ရတယ်။ ၁၀ ကောင်လောက်ဒဏ်ရာရသွားတယ်။ လက်နက်တွေပါ ရရှိခဲ့တယ်။ ဒီတိုက်ပွဲမှာ လေယာဥ်နဲ့ပစ်ခတ်တာ၊ စစ်ကူချပေးတာတွေကြောင့် ပြန်ဆုတ်ခဲ့ရတယ်။ စခန်းတခုလုံးကိုတော့ မသိမ်းနိုင်ခဲ့ဘူး” လို့ ဆိုပါတယ်။

ရဲစခန်းမှပြန်ဆုတ်ခွာလာချိန် စစ်ကောင်စီတပ်သားတွေရဲ့ G3 (၄) လက်၊ G4 (၁) လက်၊ G3 မောင်းတုံး(၁)ခု၊ ကျည်ဘောက် (၄)ခု၊ လက်ပစ်ဗုံး(၂)လုံး၊ စကားပြောစက် (၂) လုံး၊ ဖုန်း (၇) လုံး၊ Laptop (၁) လုံး၊ ဓား (၁) လက်၊ ငွေ (၆၀၈၀၀) ကျပ်နဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ကိုစတီဗင်က ပြောပါတယ်။

“လေကြောင်းနဲ့တိုက်ခိုက်ခံနေရတဲ့ကြားက ကျနော်တို့တွေ နောက်မဆုတ်ဘဲနဲ့ စခန်းထဲကို ဝင်တိုက်နိုင်ခဲ့တယ်။ အကြီးစားဘန်ကာတခုနဲ့ အဆောက်အအုံတွေ မီးရှို့နိုင်ခဲ့တယ်။ စကစ လေယာဥ်သုံးတာ ဒီတိုက်ပွဲလောက် တခုမှာမှမရှိဘူးလို့ ထင်တယ်။ စခန်းကိုမသိမ်းနိုင်ခဲ့တာကလည်း သတင်းတွေပေါက်ကြားသွားတာလည်း ပါတယ်ပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် PDF တွေဘက်ကလည်း တိုက်ပွဲအတွင်း ရဲဘော် ၂ ဦး သေဆုံးခဲ့သလို နောက်ထပ် ရဲဘော် ၉ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဂန့်ဂေါခရိုင် အမှတ် ၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉၊ ABSDF၊ HYPER UAV FORCE၊ ပကဖ ရဲဘော်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။