နတ္တလင်းမြို့နယ်ထဲက စစ်ကောင်စီစခန်း ဝင်ရှင်းချိန် နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိ

ပဲခူး၊ ဧပြီ ၃၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ကြက်မနက်ကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားတဲ့ အထိုင်စခန်းကို ဝင်ရှင်းချိန် နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့ ည ၈ နာရီကျော်ခန့်မှာ အင်အား ၃၀ လောက်နဲ့ ကတုတ်ကျင်း၊ ဘန်ကာတွေနဲ့ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပိတောက်ဖြူစစ်ဆင်ရေးအဖြစ် ဝင်ရောက်စီးနင်းချေမှုန်း တိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“အင်အားတော့များတယ်။ သူတို့တပ်စွဲထားတာက ပဲခူးရိုးမကို ဖြတ်လေးဖြတ်လုပ်ချင်လို့ တပ်စွဲနေထိုင်နေတာဖြစ်တယ်။ တိုက်ပွဲဲဖြစ်တော့ သူတို့ စခန်းကုန်းကို ကျနော်တို့ဘက်က သိမ်းနိုင်ခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ကျဆုံးတာရှိတယ်။ သူတို့က ပြည်သူ့နေအိမ်တွေမှာ တပ်စွဲထားတာဆိုတော့ သူတို့နေရာကို မီးရှို့တာတော့ မလုပ်ခဲ့ဘူး။ အဲလိုလုပ်ခဲ့ရင် အခြားပြည်သူနေအိမ်တွေလည်း မီးကူးသွားတာတွေဖြစ်မှာစိုးရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်မှ (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာ အပြင်းအထန် (စိုးရိမ်ရ) ရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဆီကနေ MA-3 ဒင်ခေါက် သေနတ် (၁) လက်၊ ကျည် (၂၀)နဲ့ လက်ပစ်ဗုံး (၁) လုံးတို့ကိုပါ သိမ်းဆည်းရရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂ မှ တော်လှန်ရေးတပ်ဖွဲ့ဝင် (၂) ဦးပါ သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုကို ပိတောက်ဖြူစစ်ဆင်ရေးအနေနဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ မှ တပ်ခွဲ ၅၊ တပ်စု ၂ နဲ့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကြက်မနက်ကျေးရွာကို အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး အများပြားဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။