26 July 2026 10:07 PM

မကွေးမှာ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

0 2
0 2

မကွေး၊ ဧပြီ ၁၊ ၂၀၂၃။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကြာပြည့်အင်းကျေးရွာမှာ ကိုယ်အင်္ဂါမသန်စွမ်းအမျိုးသား ၁ ဦး မတ်လ ၃၀ ရက် ညနေ ၆ နာရီခန့်က ကြိုးဆွဲချသေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ အသက် ၃၅ နှစ်အရွယ်အမျိုးသားဟာ ယာဉ်မတော်တဆမှုကြောင့် အာရုံကြောထိခိုက်ကာ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်နေသူဖြစ်ပြီး သူ့ရဲ့နေအိမ်မှာ ကြိုးဆွဲချ သေဆုံးသွားတာလို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

“သူက ဆိုင်ကယ်နဲ့ကားနဲ့ တိုက်ခံရပြီးကတည်းက အာရုံကြောထိပြီး လက်တွေခြေတွေလည်း သိပ်မသန်တော့သလို စကားလည်းပီပီသသ သိပ်မပြောနိုင်တော့ဘူး။ အဲဒါကို စိတ်ဓာတ်ကျပြီး သတ်သေသွားတာလည်း ဖြစ်နိုင်တယ်။ သူက အမနဲ့နေတာ။ လင်မယားချင်းကလည်း ကွဲနေတာဆိုတော့” လို့ ပြောပါတယ်။

အဲ့ဒီအမျိုးသား ကြိုးဆွဲချသေဆုံးနေတဲ့နေရာမှာ မှာတမ်းစာတချို့ရေးသားထားတာကို တွေ့ရပြီး သိမ်းဆည်းထားတဲ့ဓာတ်ပုံတချို့ကို တွေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ကြိုးဆွဲချသေဆုံးသွားတဲ့ အမျိုးသားအလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီးနောက် နေအိမ်ပြန်သယ်ပြီး နာရေးကိစ္စဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

မတ်လ ၁၈ ရက်နေ့ကလည်း မကွေးမြို့နယ်၊ ယင်းမာပင်ကျေးရွာမှာ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၂၂ အရွယ် အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။