ကနီမြို့ပေါ်က ချိတ်ပိတ်ခံရတဲ့အိမ်တွေနဲ့ ဝန်ထမ်းအိမ်ယာတွေမှာ ပျူစောထီးတွေကို နေခွင့်ပေး

စစ်ကိုင်း၊ မတ် ၂၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ တဇယ်ချောင်အုပ်စု၊ ရေလယ်ကျွန်းရွာက ပျူစောထီးအိမ်ထောင်စု ၆၅ စုဝန်းကျင်ဟာ မြို့ပေါ်ကိုပြောင်းရွှေ့နေထိုင်တာနဲ့ပတ်သက်ပြီး ဒေသခံတွေစိုးရိမ်နေကြတယ်လို့ သိရပါတယ်။

မြိုနယ်စစ်ကောင်စီရဲ့စီမံမှုနဲ့ မတ်လ ၂၇ ရက်နေ့ကစကာ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး ချိတ်ပိတ်ခံထားရတဲ့ တော်လှန်ရေးခေါင်းဆောင် ၄ ဦးရဲ့ နေအိမ်တွေထဲက ၃ အိမ်ပေါ်ကို ပြောင်းရွှေ့နေထိုင်းခိုင်းထားတယ်လို့ သိရပါတယ်။

“စခန်းစွန့်ပြီး ပြေးလာတဲ့သဘောပဲ။ ဘာဗျူဟာတွေ ခင်းနေသလဲ သတိထားရမယ်ဗျာ့။ စစ်ဆင်ရေး တိုးမြှင့်နိုင်တယ်။ ပျူစခန်းကိုအယောင်ပြပြီး စစ်မြှူတဲ့သဘောတွေ လုပ်လာနိုင်တယ်။ သူတို့ရဲ့ထောက်ပို့လမ်းကြောင်းအတိုင်းတွေ ကြပ်လာတော့ စားဝတ်နေရေးခက်ခဲလာတယ်။ ငတ်လာတော့ ပြည်သူတွေရှိရာ ပြေးလာရပြီပေါ့” လို့ ကနီမြို့ခံတဦးက ပြောပါတယ်။

ကနီမြို့ပေါ်က ချိတ်ပိတ်ခံထားရတဲ့ အမှတ် ၁ ရပ်ကွက်က ၂ အိမ်၊ အမှတ် ၂ ရပ်ကွက်က ၁ အိမ်နဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ထွေအုပ်ဝန်ထမ်းအိမ်ယာတွေကို ပြောင်းရွှေ့နေထိုင်ကြတာလို့ သိရပါတယ်။

“တော်လှန်ရေးခေါင်းဆောင်တွေရဲ့ နေအိမ်ကိုလာနေတာရယ်။ ကနီမြို့ပေါ်က ပြည်သူတွေနဲ့ ရောနှောနေတာရယ်ကြောင့် နာခြင်းနာ ပြည်သူတွေပါရောခံဆိုတဲ့ သဘောနဲ့လာတာ ကာဗာယူတဲ့ သဘောပဲဗျာ့။ ဒီလိုပြောင်းလာတာကြောင့် ကနီရဲ့စစ်ရေးနိုင်ငံရေး ရှုပ်ထွေးလာနိုင်တယ်” လို့ သူကဆက်ပြောပါတယ်။

ရေလယ်ကျွန်းရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အများစုဟာ စစ်ကောင်စီကို ထောက်ခံကြသလို ကနီမြို့နယ်အတွင်း စစ်ကောင်စီထောက်ခံသူတွေကို ပြည်သူ့စစ်သင်တန်းပေးတဲ့ကျေးရွာတရွာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၂၇ ရက်ည ၈ နာရီလောက်ကတော့ ကနီမြို့ပေါ်က စစ်တပ်အထိုင်စခန်းနဲ့ အလယ်ကျွန်းရွာက ပျူစောထီးစခန်းကို DRPA၊ KGL – ကျောက်လုံးကြီး၊ BETစတဲ့ တော်လှန်ရေးအင်အားစု ၉ ဖွဲ့က ၁၀၇ မမရှော့တိုက်ဒုံး၊ နှစ်ဆင့်ကွဲ ၆၀ မမလက်နက်ကြီး အလုံးပေါင်း ၁၀၀ ကျော်နဲ့ ၈ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။