မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး တောင်သူ ၁ ဦးသေဆုံး

0 1
0 1

မကွေး၊ မတ် ၂၉၊ ၂၀၂၃။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကြူသာကျေးရွာက တောင်သူတဦးဟာ မပေါက်ကွဲဘဲ ကျန်နေတဲ့ ၄၀ မမ ဗုံးသီးကို ကိုင်တွယ်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်မနေ့ညနေ ၄ နာရီခွဲ‌ခန့်မှာ အသက် ၂၆ နှစ်အရွယ် ကိုကျော်လင်းဟာ ကြူသာကျေးရွာနဲ့ ကံသာရွာကြားရှိ ရွှေတွင်းတူးတောမှာ တောင်ယာလုပ်ရင်း အဆိုပါဗုံးသီးကိုကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တာလို့ Yaw Revolution Army – ထီးလင်းခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

“ကိုကျော်လင်းကတော့ ၄၀ မမ ဗုံးသီးပေါက်ကွဲပြီး သေဆုံးခဲ့တယ်။ လက်ရှိမှာတော့ ဗုဒ္ဓဘာသာနည်းအတိုင်းပဲ သင်္ဂြုဟ်ဖို့ လုပ်ထားပါတယ်။ သူနဲ့အတူ ပါလာတဲ့သူလည်း ဒဏ်ရာအနည်းအငယ်ရခဲ့တယ်” လို့ ပြောပါတယ်။

ပေါက်ကွဲချိန်အတွင်း ကိုကျော်လင်းရဲ့အနီးမှာရှိနေတဲ့ အမျိုးသားတဦးကတော့ ထိခိုက်ဒဏ်ရာသာရခဲ့ပြီး လက်ရှိမှာ စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ သိရပါတယ်။

အဲ့ဒီကျေးရွာတွေအနီးမှာ မတ်လ ၁၈ ရက်‌က တပ်မ ၇၇ မှ စစ်သားတွေနဲ့ Yaw Revolution Army-ထီးလင်းအဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ခုပေါက်ကွဲခဲ့တဲ့ ဗုံးသီးက စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ ဗုံးသီးဖြစ်တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ဆိုပေမယ့် ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တဲ့ ဗုံးသီးလဲဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခုလို မပေါက်ကွဲဘဲ ကျန်နေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေတဲ့အတွက် ကျည်နဲ့ ဗုံးသီးတွေတွေ့ရင် ချက်ခြင်း အကြောင်းကြားဖို့ကို Yaw Revolution Army-ထီးလင်းအဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။