⁩ ⁨⁨ရွှေကျင်မြစ်ရေ စိုးရိမ်ရေအမှတ်ကိုကျော်လာလို့ ဒေသခံထောင်ချီရွှေ့ပြောင်းထားရ (ရုပ်/သံ)

0 3
0 3

ရွှေကျင်၊ ဩဂုတ် ၂၂၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ ရေကြီးလို့ လူဦးရေထောင်ချီရွှေ့ပြောင်းထားရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

ဩဂုတ် ၂၂ ရက်မှာ ရွှေကျင်မြစ်ရေဟာ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာကိုကျော်လွန်ပြီး ၇၅၀ စင်တီမီတာထိရောက်ရှိလာတာကြောင့် မြို့အနိမ့်ပိုင်း ရပ်ကွက် ၄ ခုနဲ့ကျေးရွာပေါင်း ၄၀ ကျော်မှာရေဝင်နစ်မြုပ်တာတွေဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

“အောက်ချိုင့်ကလူတွေ အပေါ်ရွှေ့ပြောင်းထားရတာရှိတယ်။ ရွှေ့ပြောင်းက ထောင်ကျော်လောက်ရှိတယ်။ ရေက ရပ်ကွက်တွေထဲမှာရှိတယ်။ လမ်းပေါ်တော့နည်းနည်းကျတယ်။ မနေ့ကတက်လာတော့ ချက်ချင်းပြောင်းရွှေ့ရတာတွေရှိတယ်”လို့ ရွှေကျင်မြို့ခံ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။

မြိူ့ပေါ်ရပ်ကွက်နေ ပြည်သူ ၁,၀၀၀ ဝန်းကျင်ရွှေ့ပြောင်းထားရတာကြောင့် အစားအသောက်နဲ့ရေ အကူအညီလိုအပ်ချက်တွေလည်းရှိနေပါတယ်။

ရွှေကျင်မြို့ပေါ်က ညောင်ဝိုင်း၊ တရုတ်တန်း၊ ဖွဲကုန်း၊ ပျဥ်းမပင်ရပ်ကွက်တွေမှာ ရေအမြင့်ပေ ၃ ပေကျော်မြင့်တက်နေသလို မြစ်ကမ်းဘေးအနိမ့်ပိုင်းကျေးရွာတွေဖြစ်တဲ့ စက်စု၊ သယ်ကယ်ကုန်း၊ ညောင်ပင်ကြီး၊ ကျောက်ကြီးစု၊ အောက်ကျွန်း၊ အလယ်ကျွန်းကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၄၀ ကျော်ရေဝင်နစ်မြုပ်မှုဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ကျေးရွာတွေမှာနေထိုင်သူတွေက ရေဝင်ပြီးနေမရတဲ့ အိမ်အနိမ့်တွေမှာနေထိုင်သူတွေကတော့ ကျေးရွာအမြင့်ပိုင်း ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ပြောင်းရွှေ့နေရပြီး ပြောင်းရွှေ့လူဦးရေစာရင်းကောက်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

ဩဂုတ်၂၃ ရက်မနက် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ရွှေကျင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၁၅ အထိရှိနေသေးပြီး နောက်ထပ် ၂၄ နာရီအတွင်း ရေပြန်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။