လက်နက်ကြီးထိထားတဲ့ကြားက နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့လို့ PDF တပ်ခွဲမှူး ၁ ဦး သေဆုံး

ထီးလင်း၊ မတ် ၁၉၊ ၂၀၂၃။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီး မတ်လ ၁၈ ရက်နေ့ တိုက်ပွဲမှာ ဂန့်ဂေါခရိုင်တပ်ရင်း ၁၇ Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ က PDF တပ်ခွဲမှူး ၁ ဦး တိုက်ပွဲကျသေဆုံးသွားတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲကျသေဆုံးခဲ့တဲ့ ရဲဘော်ဟာ အသက် ၂၁ နှစ်အရွယ် တပ်ခွဲမှူး ကျော်မင်းလွင် ဆိုသူဖြစ်ပြီး တပ်မ ၇၇ နောက်ချန်စစ်ကြောင်းကို တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ PDF တွေအကြား လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အခြားရဲဘော်တွေ လွတ်မြောက်ဖို့ နောက်မဆုတ်ဘဲ ကာပစ်ပေးခဲ့တာကြောင့် ကျဆုံးခဲ့တာလို့ အဖွဲ့ခေါင်းဆောင် သခင်ဇော်က မြေလတ်အသံကို ပြောပါတယ်။

“ပစ်ခတ်နေချိန်မှာ ရန်သူဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ကျနော်တို့ရဲ့ ရဲဘော်တွေကြားထဲ ကျပြီးပေါက်ကွဲခဲ့လို့ အဲ့ဒီမှာ ရဲဘော် ၃ ယောက် ဒဏ်ရာရတယ်။ တပ်ခွဲမှူးက လက်နက်ကြီးကျည်သူလည်း ထိထားတာကို နောက်မဆုတ်နိုင်ဘဲ ကာပစ်ပြီး သူ့ရဲဘော်တွေ ဆုတ်ခိုင်းတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာကို မနေ့ညနေပိုင်း PDF တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ တပ်ခွဲမှူးရဲ့ ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခဲ့ပြီး သူကိုင်ဆောင်တဲ့ AK အမျိုးအစားသေနတ် ၁ လက် ဆုံးရှုံးခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

အဲ့ဒီဆေးမင်းတောရွာအနီးတိုက်ပွဲမှာ စစ်ကောင်စီတပ်တွေကို အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့လို့ တပ်ကြပ်ကြီး ၁ ဦးအပါ ၄ ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

တပ်ခွဲမှူး ကျော်မင်းလွင်ရဲ့ဈာပနကို ဒီကနေ့မနက်ပိုင်းမှာသင်္ဂြိုလ်ပြီးစီးခဲ့ပြီး Yaw Revolution Army-ထီးလင်းအဖွဲ့ဟာ တော်လှန်ရေးကာလအတွင်း အခုတပ်ခွဲမှူးသေဆုံးမှုအထိ PDF ရဲဘော် ၂၀ ခန့်အထိ တိုက်ပွဲကျသေဆုံးမှုရှိပြီလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။