မြိုင်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးခန့်သေဆုံး

0 4
0 4

မြိုင်၊ မတ် ၁၉၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာ မတ်လ ၁၈ ရက်မနေ့ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ်၊ သနက်ပင်ရွာက ထွက်လာတဲ့ အင်အား ၈၀ ဝန်းကျင်ပါ စစ်ကြောင်းကို ညနေ ၆ နာရီလောက်က မြိုင်မြို့နယ်၊ ကန်နက်ရွာအနီးမှာ ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်မှ ဗိုလ်လက်ယာက ပြောပါတယ်။

“မိုင်း ၄ ပွိုင့်ဆွဲလိုက်တာ၊ ၃ ယောက်သေပြီး ၈ ယောက်ဒဏ်ရာရတယ်။ ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ဆွဲခဲ့တာ။ သူတို့ဘက်ကလည်း ပစ်ခတ်တာတွေ လုပ်တယ်။ အပြန်အလှန် ပစ်ခတ်တာ ၂၅ မိနစ် ကြာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ပြီးနောက် ထိခိုက်သေဆုံးသူတွေကို သုံးဘီးကားတွေနဲ့ သရက်ကန်ကျေးရွာကို သယ်သွားကြတယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၁၊ တပ်ခွဲ ၁၊ တပ်ခွဲ ၄ (စကြ်ာ)၊ မုန်တိုင်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း မြိုင်မြို့နယ် Well Two ရေနံမြေစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား‌တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ် ပကဖ အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။