myaelatt athan

Sharing Information to the Local

စစ်ကော်မရှင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရားမျှတမှုရယူနိုင်ရေး ဆောင်ရွက်မယ်လို့ NUG ပြော

0 23
0 23

မြေလတ်အသံ၊ ဩဂုတ် ၂၀၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း”အစီအစဉ်မှာ စစ်ကော်မရှင်ကျူးလွန်တဲ့ ရာဇဝတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားမျှတမှုရယူနိုင်ဖို့ NUG ကြိုးပမ်းဆောင်ရွက်သွားမယ့်အကြောင်း ဒီနေ့ ဩဂုတ် ၂၀ ရက်မှာ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလာပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုရာဝန်ကြီးဌာနအနေနဲ့ စစ်ကော်မရှင်ရဲ့ အရပ်သားပြည်သူတွေအပေါ် နည်းလမ်းမျိုးစုံသုံးပြီး ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို မှတ်တမ်းတင် ရယူထားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေထဲက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ၂၀၂၅ ဇူလိုင် ၃၁ ရက်အထိ စာရင်းအရ လေကြောင်းတိုက်ခိုက်မှု ၃,၁၉၁ ကြိမ်နဲ့ အရပ်သားပြည်သူ ၃,၄၀၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအနက် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၀၁ ဦးပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂၇၄ ခု၊ ဆေးရုံဆေးခန်း ၁၀၆ ခု၊ ဘာသာရေးအဆောက်အအုံ ၄၈၃ ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်က အစုအလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၁၃ ကြိမ် ကျူးလွန်ခဲ့ပြီး အဆိုပါ သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၄,၃၇၇ ဦးအထိရှိခဲ့ကာ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၄၇၀ ဦးနဲ့ အမျိုးသမီး ၇၅၇ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

အထက်ပါ ဖြစ်စဉ်များအပါအဝင် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်စောင့်ကြည့်နေမှာဖြစ်ပြီးတော့ ကျူးလွန်ခံရသူတွေ တရားမျှတမှု ပြန်လည်ရရှိစေရေး အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။