CDM ကျန်းမာရေးမှူး ဆရာမနေအိမ်အပါအဝင် ရဲဘော်တွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံရ

0 3
0 3

ယင်းမာပင်၊ မတ် ၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာ ရဲဘော်တွေရဲ့ နေအိမ်တွေ ဖျက်ဆီးခံခဲ့ရပြီး လက်ရှိမြေပြင်မှာ ကုသပေးနေတဲ့ CDM ဆရာမတဦးရဲ့အိမ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီက ဖွင့်လှစ်ထားတဲ့ AVSC Medical team မှာ တာဝန်ယူကုသပေးနေတဲ့ CDM ပြည်သူ့ကျန်းမာရေးကြီးကြပ် ၂ ဆရာမ မအိရဲ့နေအိမ်အပါအဝင် အိမ် ၅ လုံးကို ဖေဖော်ဝါရီ ၂၇ ရက် မနက် ၆ နာရီလောက်မှာ ဖျက်ဆီးမီးရှို့သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဓားစာခံတွေကို နာမည်စာရင်းတွေ စီပြောပြီး အိမ်တွေ လိုက်ပြခိုင်းတယ်။ ပစ္စည်းတွေ ဘာမှ ယူမသွားဘဲနဲ့ အကုန်လုံး ရိုက်ခွဲသွားတယ်။ အသေးဆုံး ရေနွေးကြမ်းပန်းကန်ကစလို့ ရေကန်လို အမာပစ္စည်းကအစ တူတွေနဲ့ ရအောင် ဖျက်ဆီးသွားတာ။ အဲ့နေ့က သူတို့ရွာထဲဝင်ချိန် ရမ်းပစ်လို့ ပြည်သူတဦး ကျည်ထိသွားတယ်။ လူနာအတွက်ပဲ လုံးပမ်းနေရလို့ အိမ်ဖျက်ခံရချိန် ဘာမှကို မခံစားရဘူး။” လို့ ဆရာမ မအိက ပြောပါတယ်။

စစ်ကောင်စီက မီးရှို့သွားလို့ ရဲဘော်တဦးရဲ့နေအိမ်နဲ့ ပြည်သူနေအိမ် ၁ လုံး ပြာကျခဲ့ပြီး၊ ဆရာမလေးရဲ့ အိမ်အပါအဝင် ရဲဘော်တွေရဲ့နေအိမ် ၃ လုံးကတော့ ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရတာပါ။

ဆရာမ မအိဟာ CDM ဝင်ပြီးထဲကနေ ခုချိန်ထိ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ကော်မတီနဲ့ သွေးမအေးတဲ့ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းတွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားနေပြီး AVSC Medical team မှာလည်း ပါဝင်ကာ ကျန်းမာရေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

“ပြည်သူတွေအနေနဲ့ တော်လှန်ရေးကာလမှာ အခက်ခဲတွေ၊ ပိုင်ဆိုင်မှု ဖျက်ဆီးခံရတာတွေ ကြုံရင်လည်း တော်လှန်ရေးကို စိတ်ပျက်အားလျော့မသွားဘဲ နိုင်ရာကနေ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းပါတယ်” လို့ ဆရာမ မအိ က ဆိုပါတယ်။

All Villages Strike Committee Medical Team (AVSC)အနေနဲ့ ယင်းမာပင်မြို့နယ်ထဲက ကြားကာလပညာရေးကျောင်းတွေမှာ သံချဆေးတိုက်ကျွေးတာတွေ ကျန်းမာရေး ဟောပြောပွဲတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။