ပခုက္ကူခရိုင်မှာစစ်ရေးအရှိန်မြှင့်ဖို့ Local တပ်ဖွဲ့ ၅ ဖွဲ့က ရဲဘော်တွေကိုစုဖွဲ့ပြီး မွမ်းမံသင်တန်းပေး (ရုပ်/သံ)

0 1
0 1

ပခုက္ကူ ၊ မေ ၁ ၊ ၂၀၂၅။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းမှာ Local တပ်ဖွဲ့ ၅ ဖွဲ့ က ရဲဘော်တွေကိုစုဖွဲ့ပြီး အပတ်စဥ် ၁ အဖြစ် မွမ်းမံသင်တန်းပေးကာ သင်တန်းဆင်းပွဲကိုပါပြုလုပ်ခဲ့တယ်လို့ Earthquake People Defence Force ဆီက သိရပါတယ်။

အဆိုပါသင်တန်းကို ပခုက္ကူခရိုင်အတွင်းစစ်ရေးအရှိန်မြှင့်တင်ဖို့ရည်ရွယ်ကာ Earthquake People’s Defence Force၊ Thurain TR၊ Hunter Pakokku၊ Six Senses Guerrilla Force၊ Justice Revolution Force စတဲ့ တပ်ဖွဲ့ ၅ ဖွဲ့ ကရဲဘော် ၄၀ ဝန်းကျင်ကို မတ် ၁၀ ရက်ကနေဧပြီ ၂၅ ရက်နေ့အထိ ၄၅ ရက်ကြာသင်တန်းပေးခဲ့ပြီး ပခုက္ကူခရိုင် Local တပ်ရင်းအဖြစ်ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။

သင်တန်းအတွင်းမှာ စစ်ပညာသင်တန်းအပြင် နိုင်ငံရေး သင်ခန်းစာ၊ COC နှစ်ရပ်၊ ပြည်သူ့စစ်မဟာဗျူဟာ နဲ့စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှု စတဲ့သင်ခန်းစာတွေကို သင်ကြားပေးခဲ့တယ်လို့ Earthquake People Defence Force ရဲဘော်တဦးက ပြောပါတယ်။

“တပ်ရင်း ၅ ရင်းစုဖွဲ့ပြီးတော့ သင်တန်းပေးရတာက စစ်တပ်ကိုတိုက်မယ်ဆိုရင် စစ်တပ်တခုလိုမျိုးဖြစ်နေမှရမှာ၊ အဖွဲ့တွေအများကြီးကွဲနေရင် ရှေ့ကိုရောက်သင့်သလောက် မရောက်နိုင်ဘူး၊ အဖွဲ့တွေပေါင်းပြီးတော့ တပ်တခုထဲဖြစ်ရင် အရွေ့တခုကိုရောက်နိုင်မယ်လို့ မျှော်မှန်းပြီးတော့ လုပ်ဆောင်တာဖြစ်တယ်”လို့ Earthquake People Defence Force ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ပညာပိုင်းကို မြိုင် ပကဖ က သင်တန်းဆရာတွေက သင်ကြားပေးခဲ့ပြီး နိုင်ငံရေးဗျူဟာတွေကိုတော့ နိုင်ငံရေးသင်တန်းဆရာတဦးက ပြန်ပြီးသင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲအခမ်းအနားကို တာဝန်ရှိသူတွေတက်ရောက်ကာမိန့်ခွန်းပြောကြားခဲ့ပြီးသင်တန်းအတွင်း ထူးချွန်တဲ့ ရဲဘော် ၅ ဦးကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။