13 July 2026 3:22 PM

သာစည်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက် (ရုပ်/သံ)

0 10
0 10

မုံရွာ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရွာရဲစခန်းကို နိုဝင်ဘာ ၁၇ ရက်ဒီနေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းဆီက သိရပါတယ်။

မုံရွာမြို့နယ်၊ သာစည်ရွာရဲစခန်းမှာ အင်အား ၃၀ ကျော်နဲ့တပ်စွဲနေတဲ့ ရဲနဲ့ စစ်ကော်မရှင် ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ဒီနေ့လယ် ၁၁ နာရီမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်ဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ရဲစခန်းနဲ့ မီတာ ၅၀ လောက်အကွာမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာ၊ ကျနော်တို့ အကြောင်းအမျိုးမျိုးကြောင့် မိနစ် ၃၀ လောက်တိုက်ခိုက်ချိန်ရတယ်။ ကျနော်တို့မှာ ခဲယမ်းလိုအပ်ချက် အရ ရဲစခန်းကို သိမ်းနိုင်တာတော့ မရှိပါဘူး။ ရည်ရွယ်ချက်ကတော့ ရဲစခန်းသိမ်းဖို့ပါပဲ၊ ပြီးတော့ ပြန်ဆုတ်ခဲ့တာပါ” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး ရဲစခန်းထဲမှာ ကတုတ်ကျင်းနဲ့ဘန်ကာတွေရှိနေတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်၊ စစ်ကော်မရှင်ဘက်ကတော့ ရဲစခန်း အတွင်းထဲမှာ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အမာရှိနေတာကြောင့် ထိခိုက်သေဆုံးတာကိုတော့ မပြောနိုင်ပါဘူး၊ ထိခိုက်သေဆုံးတာတော့ ရှိမှာပါ” လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်း၊ ချင်းတွင်းနွေဉီးတော်လှန်ရေးအင်အားစု၊Rocket Fighter တပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၃၊ ဗိုလ်ကျားကြီးအဖွဲ့ ဒီပဲယင်း (P0)နဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ Urban Guerrilla တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကလည်း မုံရွာမြို့နယ်၊ သာစည်ရွာက ထွက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းက ဒါန်းပင်တဲရွာ၊ ကိုးပင်ရွာနဲ့ ထန်းပင်လှရွာအနီးတောတိုက်ထဲမှာ တိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။