12 July 2026 6:28 AM

ကမ္မမြို့ ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက် (ရုပ်/သံ)

0 25
0 25

မြေလတ်အသံ၊ ဩဂုတ်၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ ရဲစခန်းဂိတ်ကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ် ၂၆ ရက် နေ့လယ် ၂ နာရီခန့်မှာ ကမ္မမြို့ရဲစခန်းအဝင်က တပ်ဖွဲ့ဝင် ၆ ဦးခန့်ရှိတဲ့ စစ်ကော်မရှင်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဂိတ်ဘန်ကာနံဘေးကိုကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

“ကမ္မရဲစခန်း အရှေ့ဘက်မှာ **ဂိတ်ရှိတယ်။ အဲ့မှာနည်းနည်းလှုပ်ရှားတာတွေ့လို့ ဒရုန်းနဲ့ချခဲ့တာပါ ဗုံးသီး ၂ ကြိမ်ကြဲခဲ့တာပါ။ ထိခိုက်မှုကိုတော့ ဆက်လက်စုံစမ်းနေပါတယ် ။ သူတို့ဘန်ကာဘေးနားတည့်တည့်ကျတာဆိုတော့ ထိခိုက်မှုတော့ရှိမှာဗျ” လို့ RED GIANT အဖွဲ့မှ ဒေါင်းနီက ပြောပါတယ်။

ကမ္မရဲစခန်းထဲက စစ်သားနဲ့ရဲအင်အား ၄၀ ခန့်ဟာ အရင်က စခန်းအတွင်းကနေထွက်ခွာလေ့မရှိပေမယ့် ကမ္မမြို့အတွင်း စစ်ကြောင်းလာရောက်ချိန်ကစတင်ကာ မြို့တွင်းကင်းပတ်တာနဲ့ သေနတ်ပစ်ဖောက်တာတွေ မကြာခဏလုပ်လေ့ရှိတာကြောင့် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်ခိုက်မှုကို RED GIANT၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ဂဠန်ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းကလည်း ကမ္မမြို့ ရေလယ်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကော်မရှင် အင်အား ၂၀ ခန့် နန်းထိုက်တော်ဝင်စတိုးဆိုင်အတွင်း ပစ္စည်းတွေဝင်ယူနေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။